ကျောက်တံတားမြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များမှ အိမ်ထောင်စုလူဦးရေ စာရင်း မြေပြင်ကွင်းဆင်း ဆက်လက်ကောက်ယူ

ကျောက်တံတား ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင် ကျောက်တံတားမြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်းကွင်း ဆင်းကောက်ယူရေးအဖွဲ့ (Working Group) များမှအိမ်ထောင်စု လူဦးရေစာရင်းမြေပြင်ကွင်း ဆင်းကောက်ယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက် ၉ ရပ်ကွက် လုံးအားတစ်ပြိုင်နက် ကောက်ယူခဲ့သည်။

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျောက်တံတားခရိုင် ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွဋ်လွင် ကျောက်တံတား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင်စိန်နှင့် အဖွဲ့များ၊ လဝကဦးစီးမှူး ဦးတင်စိုးနှင့်အဖွဲ့များ လိုက်ပါကြည့်ရှုခဲ့ကြောင်း သိရသည်

ကျောက်တံတားမြို့နယ်အနေဖြင့် မြို့နယ်တစ်အိမ်တက် ဆင်းမြေပြင်ကွင်း ဆင်းကောက်ယူရေးအဖွဲ့ (Working Group) များမှအိမ်ထောင်စု လူဦးရေစာရင်း ကွင်းဆင်းကောက်ယူခြင်းကို ကောက်ကွက်တစ်ဖွဲ့လျှင် (၅)ဦးနှုန်းဖြင့် စာရင်းကောက်ကွက်(၄) ကွက်ဖွဲ့၍ ကောက်ကွက် တစ်ကွက်လျှင် အိမ်ထောင်စု(၅၀၀)စုနှုန်းဖြင့် ကောက်ယူသွားမည်ဖြစ်ပြီး ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)