တံတားဦးမြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၁-၂၀၂၂ခုနှစ် ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

တံတားဦး ဇန်နဝါရီ ၁၂

တံတားဦးခရိုင် တံတားဦးမြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က တံတားဦးမြို့ အင်းဝခန်းမတွင် ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် တံတားဦးမြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ သဘာပတိ ဦးဌေးဦးက အမှာစကားပြောကြားရာတွင် အသင်းစုနှင့်အသင်းများ၏ စီးပွားရေးလုပ်ငန်းများ အောင်မြင်ရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ လုပ်ကိုင်ဆောင်ရွက်ရေး၊ အသင်းများ၏ စီးပွားရေးလုပ်ငန်းများအောင်မြင်ရေးအတွက် ကောင်းမွန်သောအကြံဉာဏ်များပေးနိုင်ရေးတို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းလင်း ၊ တိုင်းဒေသကြီး သမဝါယအသင်းစုချုပ်ဥက္ကဋ္ဌ ဦးဟန်နှင့် တံတားဦးမြို့နယ် သမဝါယဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကျော်နောင် တို့က သမဝါယလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တံတားဦးမြို့နယ် သမဝါယမအသင်းစု၏ လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို၎င်း၊ ၂၀၂၁-၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာရေးအစီရင်ခံစာများ၊ ဘဏ္ဍာရေးရှင်းတမ်းများ၊ လုပ်ငန်းဆောင်ရွက်မှုဘတ်ဂျက်နှင့် အမြတ်ခွဲဝေမှုစာရင်းများကိုလည်းကောင်း၊ အသင်းသားစာရင်းစစ်၏ စာရင်းစစ်ဆေးမှုအစီရင်ခံများကိုလည်းကောင်း တာဝန်ရှိသူများက အသီးသီးရှင်းလင်းပြောကြားပြီး အသင်းဝင်ကိုယ်စားလှယ်များ၏ ဆွေးနွေးမေးမြန်းမှုများကို သဘာပတိမှ ပြန်လည်ရှင်းလင်းဖြေကြားပြေးသည်။

တံတားဦးမြို့နယ်တွင် အသင်းစု(၁)သင်း၊ အခြေခံသမဝါယမအသင်း(၁၃၇)သင်း စုစုပေါင်း(၁၃၈)သင်းရှိပါကြောင်း၊ (လယ်/ထွေ) အခြေခံသမဝါယမသင်း(၂၃)သင်း၊ (စိုက်/ထွေ)နှင့် ငွေစုငွေချေးအခြေခံသမဝါယမအင်း(၁၁၄)သင်းရှိကြောင်း မြို့နယ်သမဝါယမအသင်းစုရုံးမှ သိရသည်။

ရဲတင့်