တပ်ကုန်းမြို့နယ်အတွင်း ဆောင်းသီးနှံအဖြစ် ကုလားပဲကို ဧက(၈၅၀) လျာထားစိုက်ပျိုးလျက်ရှိ

တပ်ကုန်း ဇန်နဝါရီ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီအတွင်း မိုးအစိုဓာတ်ဖြင့် နွားထယ်၊ ထွန်စက်ထယ်များ အသုံးပြုပြီး ဆောင်းသီးနှံအဖြစ် ကုလားပဲများကို ဧက(၈၅၀) လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်တွင် ကုလားပဲများကို မျိုးကောင်းမျိုးသန့်များရွေးချယ်၍ လျာထားဧက ပြည့်မီကျော်လွန်ရေး စိုက်ပျိုးရေးဦးစီးဌာနနှင့်ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်ပြီး၊ မြို့နယ်အတွင်း အခြားသီးနှံများတွင် အစေ့ထုတ်ပြောင်း(၁၁၈၀)ဧက၊ ဖူးစားပြောင်း(၂၀၀)ဧက၊ ပဲတီစိမ်း(၃၇၁၅)ဧက၊ မတ်ပဲ (၁၆၆၀)ဧက၊ ပဲကြီး(၉၇၀၀)ဧက၊ မြေပဲ(၁၁၂၇၂)ဧက၊ နှမ်း (၁၃၀၀၀)ဧက၊ နေကြာ(၇၀၀)ဧက၊ ကြက်သွန်နီ(၁၁၀၀)ဧက၊ အာလူး (၁၆၆၅)ဧက၊ ဟင်းသီး ဟင်းရွက်(၂၂၀၀)ဧက၊ ကြက်ဆူကြား(၁၃၉)ဧက၊ ကြံ(ရင့်)(၈၀၀)ဧကများ  လျာထား စိုက်ပျိုးကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်