သံတွဲမြို့ အ.ထ.က (ခွဲ) မြို့မကျောင်း ၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနား

သံတွဲ  ဇန်နဝါရီ ၁၂

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်၊ သံတွဲမြို့ အ.ထ.က (ခွဲ)မြို့မ ကျောင်း၌ ၂၀၂၂- ၂၀၂၃ ဩပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁:၃၀ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို GRADE-10 ကျောင်းသား/သူများက နှလုံးသားကို အလှဆင်ပါ တေးသီချင်းဖြင့် သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။ ထို့နောက် သံတွဲခရိုင် စီမံအုပ်ချုပ်​ရေး အဖွဲ့ဝင်  ဦးလှဟန်က အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဒေါ်ဝိုင်းစိန်မှ ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန် ဆုချီးမြှင့်ပွဲကို ကျင်းပရာ  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သံတွဲမြို့နယ်၌  လူရည်ချွန် ဘက်စုံထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများ ၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများ၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်နှင့် ၂၀၂၃ ပညာသင်နှစ်တို့တွင် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်ဖွံ့ဖြိုးဆု၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်္ချာထူးချွန်ပြိုင်ပွဲ ဆုရကျောင်းသား၊ကျောင်းသူများ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ပညာရည်ချွန်ဆုများ၊  ကျောင်းတွင်းဖွံ့ဖြိုးရေးဆုများနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရရှိအောင်သင်ကြားပေးသည့်ဆရာ၊ ဆရာများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြရာ မြန်မာ့ယဉ်ကျေးမှု အဆိုအက ၊ တေးသရုပ်ဖေါ် အကများဖြင့် ပြန်လည်ဖျော် ဖြေခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)