ကျောက်ဆည်မြို့နယ် ကျီးအိပ်ကျေးရွာတွင်စိုက်ပျိုးထားသော မျိုးစေ့ထုတ်နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် ဇန်နဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသနှင့်ကိုက်ညီသောနေကြာမျိုးများ ဖူလုံပိုလျှံရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာမျိုးစေ့များနှင့် စိုက်ပျိုးနည်းပညာများကူညီပံ့ပိုးပြီး ကျေးရွာအုပ်စု(၈)အုပ်စုမှ တောင်သူ(၂၉)၏ စိုက်ပျိုးမြေ(၁၀၀)ဧကတွင်စိုက်ပျိုးထားရှိရာ ကျီးအိပ်ကျေးရွာ တောင်သူဦးကြည်ဋ္ဌေး စိုက်ပျိုးထားသော မျိုးစေ့ထုတ်နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် နေကြာမျိုးစေ့ထုတ်စိုက်ခင်းများကို ဒွေးလှကျေးရွာ တောင်သူ(၆)ဦးမှ (၁၀)ဧက၊ ကျီးအိပ်ကျေးရွာ တောင်သူ(၅)ဦးမှ (၁၀)ဧက၊ ရှားပင်ကျေးရွာ တောင်သူ(၇)ဦးမှ (၂၀)ဧက၊ ရဲဘော်ကြီးကျေးရွာ တောင်သူ(၁)ဦးမှ(၁၀)ဧက၊ ညောင်ရွှေကျေးရွာ တောင်သူ(၅)ဦးမှ (၁၀)ဧက၊ ပြည်ပန်းကျေးရွာ တောင်သူ(၂)မှ (၅)ဧက၊ မြနဒီခြံမှ (၁၅)ဧက၊ မှိုင်းပန်ကျေးရွာ တောင်သူ(၂)ဦးမှ (၂၀)ဧက စုစုပေါင်း (၁၀၀)ဧက စိုက်ပျိုးထားကြောင်း သိရသည်။

မျိုးစေ့ထုတ်ဆင်းရွှေကြာစိုက်ခင်းများအောင်မြင်စေရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ တောင်သူများနှင့်ပူးပေါင်း၍ သိပွံနည်းကျစိုက်ပျိုးနည်းဖြစ်သည့် တစ်ဧကတင်း(၆၀)ထွက်ရှိရေး ထယ်ရေးညက်ညက်ပြုပြင်ပြီး တစ်ဧကမျိုးစေ့(၃)ပြည်အသုံးပြုပြီး သတ်မှတ်အပင်ဦးရေ(၂၉၀၀၀)ဝင်ဆန့်စေရန် စနစ်တကျစိုက်ပျိုးခဲ့ကြောင်းနှင့် သွင်းအားစုအနေဖြင့် ထယ်ရေးပြင်ချိန်တွင် တစ်ဧကနွားချေးနှင့် မြေဆွေးတစ်မျိုးမျိုးကို နွားလှည်း(၅)စီးမှ(၁၀)စီး၊ ယူရီယား(၁၁၂)ပေါင်၊ တီစူပါ(၅၆)ပေါင်နှင့် ပိုတက်ရှ်(၅၆)ပေါင်အသုံးပြုပြီး အဖူးဝင်ချိန်တွင် ယူရီးယား(၅၆)ပေါင် ထပ်မံထည့်သွင်း စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပြ၍ သိရှိရသည်။

သက်မောင်