သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ Youth Club ဖြင့်စာဖတ်ဝိုင်းပြုလုပ်

သံတွဲ ဖေဖော်ဝါရီ ၅

ရခိုင်ပြည်နယ်၊ သံတွဲလူထုအခြေပြုဗဟိုဌာန (Community Centre)၌ Youth Club  ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ ၃ နာရီကအဆိုပါ အဆောက်အအုံအစည်းအဝေးခန်းမ ၌ပြုလုပ်ခဲ့သည်။ ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက လူငယ်များအချိန်ကို တန်ဖိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန်အတွက်ရည်ရွယ်၍ စာဖတ်ဝိုင်းများ ပြုလုပ်ပေးနေခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ဦးစီးမှူးကစာရေးဆရာ ဒေါက်တာခင်စန်းမော်ရေးသားသည့် "ပညာရှင်စိတ်ထား" စာအုပ်ပါ "ဘဝအချိုးအကွေ့" ခေါင်းစဥ်ဖြင့် ဦးဆောင်ဖတ်ရှု ဆွေးနွေးခဲ့ပြီး Youth Club မှမောင်ဟိန်းဇော်က ကျန်းမာမှချမ်းသာခေါင်းစဥ်ဖြင်လည်းကောင်း၊ မသွန်းဆုဖြိုးက "စဥ်ဆက်မပြတ် လေ့လာသင်ယူခြင်း" ခေါင်းစဥ်ဖြင်လည်းကောင်း အသီးသီး ဖတ်ရှုဆွေးနွေးကြရာ ခရိုင်ဦးစီးမှူးက ခြုံငုံသုံးသပ်ဆွေးနွေးပေးခဲ့ပါသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များ ဗလငါးတန် ဖွံဖြိုးတိုးတက် စေရန်ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများနှင့် စာဖတ်ဝိုင်းများ လစဥ်ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်