မိုးနဲမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်

မိုးနဲ  ဖေဖော်ဝါရီ  ၅

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ် လွိုင်မြေရပ်ကွက် ဆရာစံလမ်း ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈  နာရီအချိန်က အဆိုပါကွန်ကရစ်လမ်းမုခ်ဦးနေရာ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် စပ်လျဉ်း၍ အဖွင့်အမှာ စကားပြောကြားသည်။

ထို့နောက် ကွန်ကရစ်လမ်းသစ်မုခ်ဦးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းအောင်နှင့် မြို့မိမြို့ဖ ဝဏ္ဏကျော်ထင် စိုင်းမျိုးသန့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး  လွိုင်‌မြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က ရပ်ကွက်နေပြည်သူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ကွန်ကရစ်လမ်းသစ်မုခ်ဦးအား တာဝန်ရှိသူများက အမွေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြပြီး မိုးနဲ အ.ထ.က ကျောင်းသား၊ ကျောင်းသူလေးများ၏ ဘင်ခရာ ၊ ပန်းပွားအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများ ၊ လူမှုရေးအသင်းအဖွဲ့များ ၊ မိုးနဲမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာနှင့်ပန်းပွားအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ကိုယ့်အားကိုယ်ကိုးကွန်ကရစ်လမ်းမှာ အရှည်ပေ ၈၀၀ ၊ အကျယ် ၁၄ ပေနှင့် ထုခြောက်လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းကို ငွေကျပ်သိန်း ၂၅၀ ခန့်ဖြင့် ရပ်ကွက်နေ ပြည်သူများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)