ကျိုက်မရော ဖေဖော်ဝါရီ ၅
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ အလံတင် အခမ်းအနားကို ယနေ့နံနက် ၅ နာရီ က ကျိုက်မရောမြို့ ဆုတောင်းပြည့် ဘုရားကြီးဝင်းအတွင်းရှိ မွန်အမျိုးသားနေ့ မဏ္ဍပ်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မွန်တိုင်းရင်းသားလူမျိုးတို့၏ အမျိုးသားအလံကို လွှင့်ထူကာ စုပေါင်းချီတက် အလေးပြု ခဲ့ကြသည်။ ဆက်လက်၍ ဘုရားကြီးကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် နိုင်ငံတော် သံဃာ့ဝန်ဆောင် သဒ္ဓမဇောတိကဓဇအဂ္ဂမဟာပဏ္ဍိတဘဒ္ဓန္တဝါရီန္ဒ ကြီးမှူး၍ တပည့်ဒါယိကာ၊ ဒါယိကာမများ စုပေါင်းကာ ဆရာတော်၊ သံဃာတော်များအား နံနက်အာရုဏ်ဆွမ်း ဆက်ကပ်လှူ ဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် နံနက် ၇နာရီတွင် (၇၆)နှစ်မြောက် မွန်အမျိုးသားနေ့ သဝဏ်လွှာကို မွန်တိုင်းရင်းသား တစ်ဦးက မြန်မာဘာသာ (မွန်ဘာသာ)တို့ဖြင့် ဖတ်ကြားခဲ့သည်။
ကျိုက်မရောမြို့နယ်တွင် မွန်လူမျိုးအများစု စုပေါင်းနေထိုင်ကြရာ မွန်အမျိုးသားနေ့ အခမ်းအနား များကို နေရာအနှံ့၊ ကျေးရွာအနှံ့ စည်ကားသိုက်မြိုက်စွာ ရိုးရာမပျက် နှစ်စဉ် စည်ကားသိုက်မြိုက် စွာ ကျင်းပလာခဲ့သည်မှာ (၇၆)ကြိမ်မြောက် ပြည့်ခဲ့ပြီး ထိုနေ့တွင် မွန်အမျိုးသားနေ့ အထိမ်းအမှတ် ရိုးရာ ပျော်ပွဲရွှင်ပွဲများ၊ မွန်ရိုးရာအကအလှများဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ မွန်ရိုးရာ အစားအစာ များဖြင့် စတုဒီသာ ကျွေးမွေးခြင်းတို့ကို ပြုလုပ်ခဲ့ရာ မွန်လူမျိုးများအပြင် ဒေသခံပြည်သူများကပါ ပျော်ရွှင်စွာပါဝင်ဆင်နွှဲလျက်ရှိပြီး ထိုနေ့တွင် မွန်ရိုးရာ တိုင်းရင်းသားအကများဖြင့် ဧည့်ခံဖျော်ဖြေ ကာ စတုဒီသာအဖြစ် ရိုးရာအစားအသောက်များဖြင့် ကျွေးမွေးဧည့်ခံလျက်ရှိရာ လာရောက်စား သောက်သူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)