မင်းလှမြို့၌ မြန်မာနိုင်ငံမိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်း၏ (၃၂)ကြိမ်မြောက်နှစ် ပတ်လည်အစည်းအဝေးအား မြို့နယ် မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်းမှ ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ

အထက်မင်းလှ  ဖေဖော်ဝါရီ 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်း၏ (၃၂)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးအား မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှထပ်ဆင့်ရှင်းလင်းခြင်းကို ယမန်နေ့နေ့လယ် ၁နာရီက  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။                                                                                                                                                             

ရှေးဦးစွာ‌ မြို့နယ် မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်က  အမှာစကားပြောကြားပြီး၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ချမှတ်သည့် လုပ်ငန်းစဉ်များနှင့် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဆက်လက်ဆောင်ရွက်မည့်ရှေ့လုပ်ငန်းစဉ်များ၊ မြို့နယ် မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်း၏  ဘဏ္ဍာ‌ငွေရရှိမှုနှင့် သုံးစွဲမှု‌အခြေအနများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အတွင်းရေးမှူး ဒေါက်တာအေးမင်းဇော်က အသင်းမှလုပ်ငန်း‌ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ယင်းနောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် အဖွဲ့ဝင်များက အသင်းမှဆောင်ရွက်‌နေသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ် မိခင်နှင့်က‌လေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌက  လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)