မင်းတပ် ဖေဖော်ဝါရီ ၅
မင်းတပ်မြို့၌ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူမှု လုပ်ငန်းပြီးမြောက်ခြင်း ဂုဏ်ပြုပွဲအခမ်းအနားကို ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ယမန်နေ့ နံနက် (၁၀)နာရီအချိန်တွင် ကျင်းပသည်။
အခမ်းအနားတွင် စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်မြတ်ထွန်းက ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်လဝကဦးစီးမှူး ဦးအောင်မြတ်ထွန်းက မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူအဖွဲ့(၆)ဖွဲ့ရှိ အဖွဲ့ခေါင်းဆောင်များနှင့်စာရင်းကောက် အကူအဖွဲ့များကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးသန်းက မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် ဌာနဆိုင်ရာအကြီးအကဲများကိုလည်း ကောင်း၊ ခရိုင်လဝကဦးစီးမှူးဦးသူရက မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူရာတွင် ပါဝင်ခဲ့ကြသည့် မြို့မိမြို့ဖများကိုလည်းကောင်း၊ စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်မြတ်ထွန်းက မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူရာတွင်ပါဝင်ပြီး နယ်မြေလုံခြုံရေး ဆောင်ရွက်ပေးခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်းကောင်းအသီးသီး ဂုဏ်ပြုလက် ဆောင်များပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)