ငပုတော ဖေဖော်ဝါရီ ၅
ဧရာတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဟင်းအိုးချောင်းကျေးရွာအုပ်စု၊ သရက်ချောင်းကျေးရွာတွင် အရင်းမပျောက် လည်ပတ်မြစိမ်းရောင် စီမံကိန်း အသင်းဝင်သူစာရင်းကောက်ခြင်းနှင့် အသိပေးရှင်းလင်းခြင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂)နာရီ အချိန်က ရေငံ-သရက်ချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြစိမ်းရောင်စီမံကိန်းဥက္ကဋ္ဌ မန်းဇာနည်အောင်က နောက်ဆုံးအဆင့် အသင်းဝင်သူ ငွေချေးရယူသူစာရင်း ကောက်ယူခြင်း ငွေချေးယူသူ လိုက်နာရမည်အချက်အလက်များ ရှင်းလင်းပြောကြားခြင်းများဆောင်ရွက်ခဲ့ပြီး အုပ်ချုပ်ရေးမှုး မန်းကျော်သက်က လိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြစိမ်းရောင် စီမံကိန်းဥက္ကဋ္ဌ မန်းဇာနည်အောင်က အရင်းမပျောက်လည်ပတ် မြစိမ်းရောင်စီမံကိန်းကို ငပုတောမြို့နယ် ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ ရန်ပုံငွေ သိန်းသုံးရာ(၃၀၀၀၀၀၀/-) ကျပ်ကိုအတိုးနှုန်းသက်သာစွာ ထုတ်ချေးပေးခြင်းဖြစ်ပြီး နောက်ဆုံးအဆင့် အရင်းမပျောက်လည်ပတ်ရေး မြစိမ်းရောင်စီမံစီမံကိန်းအသင်းဝင်စာရင်း ကောက်ယူဖြည့်စွက်ရေးသွင်းပြီးသွားပါက ကျေးရွာ အသင်းဝင်သူများလက်ဝယ်အရောက် ပေးအပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အခမ်းအနားသို့ မြစိမ်းရောင်စီမံကိန်း ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အသင်းသားဦးရေး(၁၀၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)