သတင်းများ

ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက်တွင် (၄၇)ကြိမ်မြောက် ပရိယတ္တိဓမ္မဝိနယစာတော်ပြန်ပွဲ ဆုနှင်းသဘင်ပွဲအခမ်းအနား ကျင်းပ
Feb 06,2023
ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်၊ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက်တွင် (၄၇)ကြိမ်မြောက် ပရိယတ္တိဓမ္မဝိနယစာတော်ပြန်ပွဲ ဆုနှင်းသဘင်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ကလိန်အောင်မြို့ ကျောက္ကဒင်ကျေးရွာ၌ (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပ
Feb 06,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ လော့သိုင်းကျေးရွာအုပ်စု၊ ကျောက္ကဒင်ကျေးရွာတွင် (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ယမန်နေ့နံနက် (၆)နာရီ (၃၀)မိနစ်အချိန်က ကျောက္ကဒင်ကျေးရွာဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစိုးရစက်မှုလက်မှုသိပ္ပံ (လက်ပံတန်း) ၌ စတုတ္ထအကြိမ်မြောက် ဒီပလိုမာအပ်နှင်းပွဲကျင်းပ
Feb 06,2023
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ၏ စတုတ္ထကြိမ်မြောက် A. G. T I ဒီပလိုမာ အပ်နှင်းသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီကကျင်းပခဲ့ရာ တွဲဖက်ပါမောက္ခနှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပညာ​ရေးအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘ/ ဆွေမျိုးများ တက်ရောက်ကြသည်။
မောက်မယ်မြို့နယ်၌ မွေးစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ဆက်လက်ထိုးနှံတိုက်ကျွေး
Feb 06,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ကလေးငယ်များ ကျန်းမာ သန်စွမ်းစေရန်အတွက် မွေးစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ဆက်လက်ထိုးနှံခြင်း/ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို မြို့ပေါ်ရှိရပ်ကွက်များမှ ယနေ့နံနက် (၉)နာရီမှစ၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  
မိုးနဲမြို့နယ်၌ ဖူးစားပြောင်းများ စတင်စိုက်ပျိုး
Feb 06,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဝမ်ဟေးကျေးရွာအုပ်စု ပန်လော့‌ကျေးရွာနေ တောင်သူ မနန်းပေါက်၏ ယာခင်းအတွင်း ‌ဖူးစားပြောင်းများ စတင်စိုက်ပျိုးထားကြောင်း သိရသည်။
မိုင်းလုံမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့်မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်‌ကျွေးထိုးနှံခြင်းဆောင်ရွက်
Feb 06,2023
မိုင်းလုံမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့်မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီအချိန်ခန့်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၊ တိုက်နယ်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။
တံတားဦးမြို့နယ် မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Feb 06,2023
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတို့ကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ကျင်းပကြောင်း သိရသည်။
လွိုင်လင်မြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Feb 06,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေဖွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။