မိုးညို ဖေဖော်ဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အထက(မိုးညို)၊ သရဖူခန်းမဆောင်တွင် မြို့နယ်အဆင့် မူလတန်းဆရာအတတ်ပညာလုပ်ငန်းခွင် အကြိုသင်တန်းကို ယနေ့နံနက် ၉ နာရီက သင်တန်းဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့ယ်အဆင့်မူလတန်းဆရာ အတက်ပညာလုပ်ငန်းခွင်အကြိုသင်တန်းကို ထက်/ လယ်/ မူ ဆရာ/ ဆရာမ(၁၂)ဦးက စီမံ၊ ပညာ၊ ဘဏ္ဍာနှင့်စနစ်သစ်ပညာရေး စသည့် ဘာသာရပ်များအား ဖေဖော်ဝါရီ ၆ ရက် မှ ၁၀ ရက်နေ့ထိ သင်တန်းပို့ချသွားမှာဖြစ်ပြီး လုပ်ငန်းခွင်ဝင်ရောက်မည့် ဆရာ/ ဆရာမ(၄၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုမင်း (ပြန်/ ဆက်)