သပိတ်ကျင်း ဇန်နဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်ရှိ မြို့နယ်လျှပ်စစ်ရုံးတာဝန်ရှိသူများအနေဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲသည့်ပြည်သူများ လျှပ်စစ်ဓာတ်အားစဉ်ဆက်မပြတ်ရရှိစေရေး၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းစေရေးအတွက် ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဝေလင်းသန်းနှင့် ဝန်ထမ်းများက ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများပြုပြင်ထိန်းသိမ်းခြင်း၊ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများတွင် လျှပ်စစ်ဓာတ်အားလိုင်းများရှင်းလင်းခြင်း၊ မီတာများကွင်းဆင်းစစ်ဆေးခြင်း၊ ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ၁၁ ကေဗွီ ဓာတ်အားလိုင်းများနှင့် ဗို့ ၄၀၀ ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများ ကြံ့ခိုင်မှုစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)