တွံတေးမြို့နယ်ဘုရားငုတ္တို(တောင်)ကျေးရွာ၌ နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Feb 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ဘုရားငုတ္တို(တောင်)ကျေးရွာရှိ ဒေသခံတောင်သူအများစုသည် စိုက်ပျိူးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး ယခုနှစ် ဆောင်းရာသီ၌ ဒေသတွင်း စားသုံးဆီဖူလုံရန်နှင့် ပိုလျံစွာ ဆီစားသုံးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းနေကြာ မျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးရေး နည်းပညာ ပံ့ပိုးကူညီမှုများဖြင့် နေကြာစိုက်ခင်းများ စီးပွားဖြစ်စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း နေကြာစိုက်တောင်သူ ဦးဝင်းမြင့်ထံမှ သိရသည်။