ကလေးဝ စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု ၂၈၁၁ စုအတွက် ထောက်ပံ့ငွေများကို ယမန်နေ့က ရပ်ကွက်/ကျေးရွာအုပ်စု များသို့ ကွင်းဆင်း၍ ထောက်ပံ့ပေးအပ် ခဲ့သည်။
မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဇော်လင်း၏ လမ်းညွှန်မှုဖြင့် ကလေးဝမြို့နယ်အတွင်ရှိ ရပ်ကွက်/ ကျေးရွာအုပ်စု ၃၈ အုပ်စုမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု ၂၈၁၁ စု အတွက် အိမ်ထောင်စုတစ်စုလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိအကြီး အကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်ဟန်(ကလေးဝ)