ဖရူဆို စက်တင်ဘာ ၂၄
ကယားပြည်နယ် ဖရူဆိုမြို့နယ် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ကိုဗစ် - ၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ယမန်နေ့ နံနက်က ကျေးတော်ခူကျေးရွာအုပ်စုနှင့် မာခရော်ရှေ့ကျေးရွာအုပ်စုတို့တွင် အသိ ပညာပေး ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဂျေရောလမို့နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ပြည်သူများ အားလုံး အလေးထားလိုက်နာကြရန်၊ အိမ်ပြင်ထွက်ခွာ သွားလာပါက နှာခေါင်းစည်း (Mask) တပ်ဆင်သွား လာကြရန်၊ လက်ကိုဆပ်ပြာအသုံးပြု၍ စနစ်တကျဆေးကြောရန်၊ ကျန်းမာရေးနှင့်ညီညွတ်အောင် မိမိပတ်ဝန်းကျင်ကို သန့်ရှင်းသာယာရေး ဆောင်ရွက်ထားရှိ နိုင်ရန်နှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ် တတ်သော သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်းသည့် ဆောင်ရန် ရှောင်ရန်များ၊ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို တော်ခူကျေးရွာအုပ်စု နန်းခွီးခိုကျေးရွာ၊ ပလိုဒေးခိုကျေးရွာ၊ တော်ခူရွာသစ်ကျေးရွာနှင့် မာခရော်ရှေ့ကျေးရွာအုပ်စု ပရယ်တော်ကျေးရွာတို့တွင် ကျန်းမာရေး ဦးစီးဌာ၏ ညွှန်ကြားချက်များနှင့်အညီ ပြည်သူများလိုက်နာနေထိုင်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
တောရယ်(ပြန်/ဆက်)