မတူပီ စက်တင်ဘာ ၂၄
ချင်းပြည်နယ်၊ မတူပီမြို့၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်း၌ ကျင်းပကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်အဆင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က အမှာစကား ပြောကြားရာတွင် ကိုဗစ်−၁၉ ကူးစက်မြန်ရောဂါသည် တစ်နေ့ပြီးတစ်နေ့ ကူးစက်မှုနှုန်း များပြားလာသဖြင့် ယခုလတ်တလောတွင်လည်း မင်းတပ်မြို့မှာ ပိုးတွေ့လူနာရှိကြောင်းပါ သိရသဖြင့် မင်းတပ်မြို့မှ လာရောက်ကြသည့် ခရီးသွားလာ ပြည်သူများမှန်သမျှ Facility Quarantine ထားရှိရန်၊ ပခုက္ကူ၊ ကျောက်ထုတို့မှ ရောက်ရှိ လာသူများအား Home Quarantine ထားရှိရန် ထည့်သွင်းပြောကြားသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး ပေးအပ်လှူဒါန်းသည့် အလှူငွေကျပ်(၁၀)သိန်းကို လူမှုကူညီရေး အဖွဲ့အစည်းများ ထံပေးအပ်ခဲ့ရာ အဆိုပါ အဖွဲ့အစည်းများမှ တာဝန်ရှိသူ အသီးသီးက လက်ခံရယူခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)