မတူပီ စက်တင်ဘာ ၂၄
ချင်းပြည်နယ်၊ မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကြီးကြပ်၍ ထပ်မံ ဖွင့်လှစ်မည့် Quarantine Centre ကို စန်ဘောင်ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ပြင်ဆင်ခြင်း လုပ်ငန်းများ၊ သန့်ရှင်းရေးဆောင်ရွက်ခြင်း လုပ်ငန်းများ၊ လိုအပ်သော အသုံးအဆောင်များ ဖြည့်တင်းခြင်း၊ ကျန်းမာရေး ဆောင်ရွက်ပေးရန် စီမံခြင်းလုပ်ငန်းများကို ကြိုတင်စီစဉ် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသည်။
ထိုကဲ့သို့ ပြင်ဆင်ရာတွင် မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်နှင့် ကော်မတီဝင်များမှ ကြီးကြပ်၍ လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိသည်။
အဆိုပါ ထပ်မံဖွင့်လှစ်မည့် Quarantine Centre ပြင်ဆင်ခြင်းကို မြို့နယ်အဆင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ Volunteer အဖြစ် လုပ်အားပေးကြသော ကျောင်းဆရာများ ပူးပေါင်း၍ ဆောင်ရွက်ကြသည်။
မတူပီမြို့၌ ယနေ့လက်ရှိတွင် မိုးလုံလေလုံအားကစားရုံ Quarantine Centre ၌ Facility Quarantine ခံယူသူ(၂၇)ဦးနှင့် Home Quarantine ထားရှိသူ (၁၉)ဦး ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)