နောင်မွန်မြို့နယ်၌ မသန်စွမ်းသူများအား ထောက်ပံ့ကြေးပေးအပ်

နောင်မွန်  စက်တင်ဘာ  ၂၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၌ ယမန်နေ့ မွန်းလွဲ (၂) နာရီခန့်တွင် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ကိုယ်စား မြို့နယ်အုပ် ချုပ်ရေးမှူး ဦးပြည့်ဖြိုးအောင်က မသန်စွမ်းသူများအား ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ကြေး ပေးအပ်ရာတွင် နောင်မွန်မြိုနယ်၊ မြို့ပေါ်ရပ်ကွက် (၅) ကွက်နှင့်ကျေးရွာအုပ်စု (၁၁) အုပ်စုရှိ မသန်စွမ်းသူ (၅၄) ဦးထံသို့ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် မသန်စွမ်းသူတစ်ဦးလျှင် ငွေကျပ်(၃) သောင်းနှုန်းထောက်ပံ့ခဲ့ရာ စုစုပေါင်း ငွေကျပ် ( ၁၆) သိန်းနှစ်သောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။

မြနန်း(ပြန်/ဆက်)