ဟားခါး စက်တင်ဘာ ၂၅
ဟားခါးမြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်) မှ ထောက်ပံ့ငွေနှင့် ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ညနေ ၄ နာရီက ဟားခါးမြို့ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဟားခါးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ထောက်ပံ့ပေးအပ်ရခြင်း နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
အဆိုပါထောက်ပံ့ပေးအပ်ရာတွင် ဟားခါးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု (၃၉) အုပ်စု၏ စာရေးဝန်ထမ်း (၃၉) ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၉၁၂၀၀) ကျပ်နှင့် PPE ဝတ်စုံများ၊ အပူချိန်တိုင်း ကိရိယာများ၊ နှာခေါင်းစည်းပါးစပ်စည်း (Mask) များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေတို့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)