Skip to main content

Sep 26, 2023

ကန်ကြီးထောင့် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် တကုန်းကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ စက်တင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းများ ပိတ်ဆို့ဖျက်ဆီး၍ ကုန်ပစ္စည်းရှားပါးပြတ်လပ်ကာ ပြည်သူတွေစားဝတ်နေရေးခက်ခဲအောင် ပြုလုပ်နေတဲ့ NUG နဲ့ PDF အကြမ်းဖက်သမားများ” ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

(၁၂) ကြိမ်မြောက် မြန်မာ-တရုတ် လူကုန်ကူးမှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေး (Twelfth Meeting on Cooperation to Combat Trafficking in Persons between Myanmar and China) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် PARK ROYAL Hotel ၌ မြန်မာနိုင်ငံ မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးရဲမှူးချုပ်မြင့်ထူး ဦးဆောင်သော ကိုယ်စားလှယ်များနှင့် တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာန မှုခင်းရဲတပ်ဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Chen Shiqu ဦးဆောင်သော ကိုယ်စားလှယ်ရှစ်ဦး တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

အကြိမ် (၂၀) မြောက် China ASEAN Business and Invest-ment Summit (CABIS) ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နန်နင်းမြို့၌ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် ကျင်းပသည်။ ဖွင့်ပွဲအခမ်းအနားကို နံနက်ပိုင်းတွင် CAEXPO အဆောက်အအုံ၌ပြုလုပ်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Li Qiang က တက်ရောက်ဖွင့်လှစ်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ် လူမှုဝန်ထမ်းရုံးအဆောက်အအုံများ ပြန်လည်ပြုပြင် ဆောင်ရွက်ထားရှိမှုနှင့် အမျိုးသမီးများယာယီနားခိုရာ (One Stop Women Center)တို့ကို ကြည့်ရှုပြီး လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

သစ်တောဦးစီးဌာနရှိ တောအုပ်ကြီးများ လုပ်ငန်းခွင်အကြို သင်တန်းအမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် သစ်တောသုတေသနဌာန စုဝေးခန်းမ ရေဆင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့်အတူ ယနေ့နံနက် ၁၀ နာရီတွင် အမျိုးသားပြတိုက်(ရန်ကုန်)သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်သော နိုင်ငံရေးပါတီများအနက် ပြည်ထောင်စုနယ်မြေအတွင်း အခြေစိုက်သော နိုင်ငံရေးပါတီများ၊ ပါတီရုံးခွဲ ဖွင့်လှစ်ထားသော နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစိစစ်ခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

၁၉၀၆ ခုနှစ်မှ စတင်တည်ထောင်ခဲ့သော ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA သည် အသင်းကြီး၏အဓိက လုပ်ငန်းစဉ်များဖြစ်သော အမျိုးဘာသာ သာသနာပညာလုပ်ငန်းများကို အင်တိုက် အားတိုက်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် အသင်းဝင်အင်အားဆယ်သိန်း ကျော်ရှိခဲ့ပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

မွန်ပြည်နယ်သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်ကွင်းတွင် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများ အမြန်ဆုံးပြန်လည်အစားထိုး စိုက်ပျိုးပြီးစီးရေးအတွက် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက အဆိုပါကျေးရွာရှိ တောင်သူတစ်ဦး၏ လယ်ယာမြေ၌ ယနေ့နံနက်ပိုင်းတွင် ကောက်စိုက်စက်ဖြင့် အခမဲ့ကူညီစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများ၌ ဆုရရှိသူများထုတ်ပြန်

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

တရုတ်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ စက်တင်ဘာ ၂၅ ရက်က ပြီးဆုံးခဲ့ပြီး မြန်မာအသင်းသည် ရှုံးထွက်အဆင့်တွင် နာမည်ကြီးဂျပန်အသင်းနှင့် ဆုံတွေ့ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံဆွေးနွေးပွဲ ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်ဆေးတက္ကသိုလ် Theatre ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ဆေးတက္ကသိုလ် ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ဇော်မန်းဖြိုး၊ တပ်မတော်ဆေး တက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးချုပ်ခင်အောင်ထွန်းနှင့် ဌာနမှူးများ၊ အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်မည့် သင်တန်းသားများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုတိုးမြှင့်နိုင်ရန်၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မြန်ဆန်ချောမွေ့စေရန်နှင့် နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု လွယ်ကူချောမွေ့စေရန်အတွက် ယွမ်-ကျပ် တိုက်ရိုက်ပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ Bank of China (Hong Kong)မှ 2023 Yangon Branch “Golden Autumn” RMB Forum ကို ယနေ့ မွန်းလွဲ ၂ နာရီခွဲ က Wyndham Grand Yangon Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်သော နိုင်ငံရေးပါတီများအနက် ကယားပြည်နယ်အတွင်းရှိ ပါတီရုံးခွဲဖွင့်လှစ်ထားသော နိုင်ငံရေးပါတီ (၂)ပါတီ၏ ပါတီဝင်အင်အားစိစစ်ခြင်း လုပ်ငန်းဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းများ၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ဆန်နှင့် စားသုံးဆီများ ရောင်းချနိုင်ရေးအတွက် ဆန်လုပ်ငန်းရှင်များ၊ စားသုံးဆီလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ ဆန်လုပ်ငန်းရှင်များနှင့် စားသုံးဆီလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်းသည် ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းနှင့်အတူ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် စက်တင်ဘာ ၂၀ ရက်မှ ၂၁ ရက်အထိ ကျင်းပသော အာရှပစိဖိတ် အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ်၏ (၂၈)ကြိမ် မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် (၂)နှစ် တစ်ကြိမ်ကျင်းပသည့် ညီလာခံ(28th Annual General Meeting of Asia Pacific Forum & Biennial Conference)တို့သို့ ပါဝင်တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်