Skip to main content

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အခမ်းအနား ကျင်းပ

နေပြည်တော် မတ် ၂၅

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ ၌ ကျင်းပသည်။

ကျင်းပလျက်ရှိ

ဦးစွာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူက ယခုကျင်းပသည့် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အခမ်းအနားသည် ကမ္ဘာ့လူသား များအတွက် စားဝတ်နေရေး၊ ကျန်းမာရေး၊ သာယာဝပြောရေးတို့အတွက် မရှိ မဖြစ်အရေးပါသည့် သစ်တောများကို ထိန်းသိမ်းစောင့်ရှောက်ရန် နှိုးဆော်သည့်အနေဖြင့် နှစ်စဉ်လှုံ့ဆော်ရေးဆောင်ပုဒ်များ ချမှတ်ကျင်းပလျက်ရှိကြောင်း၊ ယခုနှစ်၏ဆောင်ပုဒ်သည် “Forest and Innovation: New Solutions for a Better World - ကမ္ဘာမြေ ပိုမိုကောင်းမွန်ဖို့သစ်တောများကို ခေတ်မီနည်းဖြင့်ထိန်းသိမ်းစို့”ဖြစ်ကြောင်း၊ ယခုနှစ်၏ ဆောင်ပုဒ်နှင့်အညီ သစ်တောဦးစီးဌာနအနေဖြင့် သဘာဝသယံဇာတနှင့် သစ်တောထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် သစ်တောသုတေသနလုပ်ငန်းများစသည့် လုပ်ငန်း များတွင် IT နည်းပညာများ၊ GIS နည်းပညာများ၊ ဓာတ်ခွဲခန်းနည်းပညာများ စသည့်ခေတ်မီနည်းစနစ်များ၊ တီထွင်ဆန်းသစ်မှုများဖြင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း။

ယနေ့အခမ်းအနားတွင် မြန်မာနိုင်ငံ သစ်တောကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်တောဦးစီးဌာနက သက်ဆိုင်ရာကဏ္ဍအလိုက် ဆန်းစစ်လေ့လာတင်ပြခြင်း၊ ပါရဂူဘွဲ့ရလူငယ်များ၏ တင်ပြချက်များအပေါ် သစ်တောဦးစီးဌာနမှ အတွေ့အကြုံပြည့်ဝသည့် အရာရှိကြီးများ၊ မဟာသိပ္ပံဘွဲ့ရ လူငယ်ပညာရှင်များ၊ သစ်တောကဏ္ဍဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်သည့် စကားဝိုင်းများကျင်းပခြင်း၊ သစ်တောဦးစီးဌာနရှိ လုပ်ငန်းများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်း ဆိုင်ရာပိုစတာများဖြင့် တင်ပြသွားမည်ဖြစ်ပြီး တင်ပြမှုများအပေါ် တက်ရောက်လာကြသည့် ဦးစီးဌာနများမှ ကိုယ်စားလှယ်များ၊ တက်ရောက်သူများက ဝိုင်းဝန်းအကြံပြု၍ ထိရောက်သည့် ဆွေးနွေးချက်များပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အတွက် “Forest and Innovation: New Solutions for a Better World - ကမ္ဘာမြေပိုမိုကောင်းမွန်ဖို့ သစ်တောများကို ခေတ်မီနည်းဖြင့် ထိန်းသိမ်းစို့” ခေါင်းစဉ်ဖြင့် keynote presentation တင်ပြ၍ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် ဗီဒီယိုကို ပြသသည်။ ယင်းနောက် မြန်မာနိုင်ငံသစ်တောကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် သစ်တောဦးစီးဌာနမှ ပါရဂူဘွဲ့ရလူငယ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆန်းစစ်လေ့လာ တင်ပြမှုများအပေါ် အတွေ့အကြုံ ပြည့်ဝသည့်အရာရှိကြီးများ၊ မဟာသိပ္ပံဘွဲ့ရ လူငယ်များ၊ သစ်တောကဏ္ဍဆိုင်ရာ ကျွမ်းကျင်သူများပါဝင်သည့် စကားဝိုင်း ဆွေးနွေးပွဲကျင်းပသည်။

အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ သတ္တုရေးရာနှင့် သစ်တော/ပတ်ဝန်းကျင်ရေးရာ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြောင်း သိရသည်။

သတင်းစဉ်