Sep 29, 2023
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ (၂/၂၀၂၃) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ဓမ္ဓဝိဟာရကျောင်းဆောင်၌ ကျင်းပသည်။
Sep 29, 2023
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌ မစ္စတာအန်နာသိုလီ ဘူးလော့ခ်ျနိကော့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ရုံးအမှတ်-၂၈ ရှိ အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Sep 29, 2023
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Convertion on the Prevention and Punishment of the Crime of Genocide) ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ ဂမ်ဘီယာက ၎င်း၏အဆိုလွှာ (Memorial)ကို တရားရုံးသို့ ၂၀၂၀ ပြည့်နှစ်အောက်တိုဘာ ၂၃ ရက်တွင် တင်သွင်းခဲ့ပြီး ယင်းအဆိုလွှာအား မြန်မာနိုင်ငံက ပြန်လည်ချေပ လျှောက်လဲသည့်အချေလွှာ (Counter-Memorial)ကို ၂၀၂၃ ခုနှစ် ဩဂုတ် ၂၄ရက်တွင် တရားရုံးသို့ တင်သွင်းခဲ့ပြီး ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ တရားရုံးဥက္ကဋ္ဌက မြန်မာနိုင်ငံနှင့် ဂမ်ဘီယာနိုင်ငံမှ ကိုယ်စားလှယ်(Agent)များအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် သည်ဟေ့ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ တွေ့ဆုံရန် အကြောင်းကြားခဲ့သည်။
Sep 29, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၄/၂၀၂၃)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
Sep 29, 2023
ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်)နေ့ဖြစ်သည်။ လအလိုအားဖြင့် တော်သလင်းလပြည့်နေ့သည် ဝါဆို၊ ဝါခေါင်၊ တော်သလင်း ဝါတွင်းသုံးလ နောက်ဆုံးလပြည့်ဖြစ်သည်။ ဝါတွင်းသုံးလတွင် ကုသိုလ်ကောင်းမှု၊ သူတော်ကောင်းတရားများ အစဉ်ကျင့်ကြံပွားများကြသောကာလ ဖြစ်သည်။ ပါဠိအလိုအားဖြင့် “ဂရု” အလေးအမြတ်ပြုရသော “ဓမ္မ”တရားဖြစ်သည်။ ထို့ကြောင့် ဤတော်သလင်းလပြည့်နေ့တွင် သူတော်ကောင်းတရား ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာကျင့်ကြံအားထုတ်ကြရမည့် အထိမ်းအမှတ်အခါသမယ ဖြစ်သည်။
Sep 29, 2023
ယနေ့သည် တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့ဖြစ်သည်။ တော်သလင်းလ၏ ရာသီသဘင်သည် “ရေယဉ်စမ်းငယ်နှင့် သောင်ကမ်းငယ်ပြည့်လျှံ၊ မြစ်လုံးငယ်ညံသည်၊ လှော်တက်သံ မြိုင်မြိုင်နှင့်၊ လှေပြိုင်ကျင်းတဲ့လကိုလေး။” ဟူသော မဟာအတုလ မင်းကြီး၏ စာဆိုနှင့်အညီ မြစ်ယံပွဲခေါ် လှေပွဲသဘင်ဖြစ်သည်။ တော်သလင်းလတွင် မြစ်ရေ ချောင်းရေတို့သည် ဝါဆို၊ ဝါခေါင်ကဲ့သို့ ပေါင်းလန်မနေတော့သော်လည်း ကမ်းပြည့်လျှံကာ လှိုင်းလေတည်ငြိမ်သောအခါဖြစ်၍ လှေပွဲသဘင်ကို ရှေးအစဉ်အဆက် ခမ်းခမ်းနားနား ပျော်ပျော်ရွှင်ရွှင်ကျင်းပခဲ့ကြသည်။ ဗုဒ္ဓဘာသာဝင်တို့ မြန်မာပြက္ခဒိန်လများအလိုက် ကျင်းပကြသည့် အခါတော်နေ့အနေဖြင့်မူ ဂရုဓမ္မ အခါတော်နေ့ကိုကျင်းပ၍ လူသားဟူသမျှ စောင့်ထိန်းလိုက်နာ အပ်ရာသော ငါးပါးသီလကို မမေ့မလျော့၊ မပေါ့မဆစောင့်ထိန်းကြစေရန် တိုက်တွန်းနှိုးဆော်လျက်ရှိသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၈-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီ
Sep 28, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၂၇-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၈-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၂၈၆)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်(၈)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၉) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။
Sep 28, 2023
ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ကို နှစ်စဉ်စက်တင်ဘာ(၂၈)ရက်၌ ကျင်းပလျက်ရှိရာ (၁၇)ကြိမ်မြောက် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့တွင် Rabies: ALL FOR 1, ONE HEALTH FOR ALL, “ခွေးရူးရောဂါတိုက်ဖျက်ရေး၊ တက်ညီလက်ညီပါဝင်ပေး၊ တစ်ခုတည်းသောကျန်းမာရေး” ဆောင်ပုဒ်ဖြင့် နေပြည်တော် ရုံးအမှတ်(၃၆)တွင် ကျင်းပသည်။
Sep 28, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံပေကျင်းမြို့၌ စက်တင်ဘာ ၂၅ ရက်မှ ၂၆ ရက်အထိ ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ပို့ဆောင်ရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (Global Sustainable Transport Forum) သို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ညပိုင်းက ရန်ကုန်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
Sep 28, 2023
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့်(၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရှိ ဌာနကြီးများနှင့် တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်နှင့်စာရေးဝန်ထမ်း ၂၄၈ ဦးတို့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော် (ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီးနှင့် အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀) တို့၌ တစ်ချိန်တည်း ဂုဏ်ပြုသွေးလှူဒါန်းခဲ့ကြသည်။
Sep 28, 2023
အကြိမ် (၃၀) မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ၏ အကြိုအလုပ်ရုံဆွေးနွေးပွဲ (Pre-conference Workshop) နှစ်ခုကို စက်တင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ တပ်မတော် ဆေးတက္ကသိုလ်တွင် ပြုလုပ်ခဲ့ပြီး ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ် ပွဲကို အောက်တိုဘာ ၃ ရက်မှ ၅ ရက်အထိ အမှတ် (၁) တပ်မတော် ဆေးရုံ (ခုတင် ၇၀၀) တွင် ကျင်းပမည်ဖြစ်သည်။
Sep 28, 2023
တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက်ရှိသည့် (၁၉) ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဝူရှူးပြိုင်ပွဲ စတုတ္ထနေ့ကို စက်တင်ဘာ ၂၇ ရက်က ဆက်လက်ကျင်းပရာ မြန်မာဝူရှူးအားကစားမယ် စန္ဒီဦးအဆင့် ၉ နေရာရရှိသည်။
Sep 28, 2023
(၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံး ပြိုင်ပွဲ ရှုံးထွက်အဆင့် ဒုတိယနေ့ပွဲစဉ်များကို စက်တင်ဘာ ၂၈ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အာရှထိပ်သီး ဂျပန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
Sep 28, 2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသံအမတ်ကြီး Dr. Md. Monwar Hossain နှင့် အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Sep 28, 2023
အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
Sep 28, 2023
ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းများ စိစစ်ခြင်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 28, 2023
ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် (UNWTO)နှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့ပူးပေါင်း၍ ဆော်ဒီအာရေဗျ နိုင်ငံ၏မြို့တော် Riyadh (ရီရတ်ဒ်) မြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပ သည့် ယနေ့တွင် ကျရောက်သော ကမ္ဘာလုံးဆိုင်ရာ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် စက်တင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ခရီးသွား လုပ်ငန်းဆိုင်ရာ ဦးဆောင်သူ များဖိုရမ်သို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်ဦးဆောင်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံရုံး (ရီရတ်ဒ်)မြို့မှ သံအမတ်ကြီး ဦးတင်ယုတို့ပါဝင် တက်ရောက်ကြသည်။