Skip to main content

မစ္စတာ အဘ်ဟေး တာကူးရ်အား အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီ

နေပြည်တော် မတ် ၂၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဗီနေးကူးမားနေရာတွင် မစ္စတာ အဘ်ဟေး တာကူးရ်အား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီးဖြစ်သည်။

မစ္စတာ အဘ်ဟေး တာကူးရ်ကို ၁၉၆၉ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် မွေးဖွားခဲ့ပြီး ၎င်းသည် စက်မှုအင်ဂျင်နီယာဘာသာရပ်ဖြင့် မဟာဘွဲ့ရရှိထားသူဖြစ်သည်။ ၎င်းသည် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနသို့ သံရုံးစာရေး (အစမ်းခန့်) အဖြစ် ၁၉၉၂ ခုနှစ်တွင် စတင်ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ပြီး အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး၊ ဗြိတိန်နိုင်ငံဆိုင်ရာ အိန္ဒိယမဟာမင်းကြီးရုံး၊ အစ္စရေးနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး၊ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးတို့တွင် သံတမန်ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ၂၀၁၆ ခုနှစ် ဩဂုတ်လမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအထိ မော်ရစ်ရှပ်နိုင်ငံဆိုင်ရာ အိန္ဒိယမဟာမင်းကြီးအဖြစ်လည်းကောင်း၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ နိုင်ဂျီးရီးယားနိုင်ငံဆိုင်ရာ အိန္ဒိယမဟာမင်းကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

၎င်းသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ လက်ရှိအချိန်အထိ ဂျီ-၂၀ ထိပ်သီးအစည်းအဝေး ကျင်းပရေးဆိုင်ရာ အိန္ဒိယနိုင်ငံကိုယ်စားပြု လက်ထောက်ညှိနှိုင်းရေးမှူး (Sous Sherpa)အဖြစ် နယူးဒေလီမြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည်။

မစ္စတာ အဘ်ဟေး တာကူးရ်သည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး သားတစ်ဦးနှင့် သမီးတစ်ဦးရှိသည်။

သတင်းစဉ်