Skip to main content

Aug 19, 2024

၁။ ပြည်သူအတွက်ဟု သုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူကိုသတ်ဖြတ်၊ လုယက်ခြင်းကို CRPH ၊ NUG ၊ PDF အမည်ခံအကြမ်းဖက်အုပ်စုများက ဥပဒေမဲ့ကျူးလွန်နေသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2024

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများ လူမှုစီးပွားဘဝမြင့်မားစေရေး၊ အချိန်မီထွန်ယက်စိုက်ပျိုးပြီး စိုက်ပျိုးသီးနှံအထွက်တိုးကာ ဈေးကောင်းရရှိစေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့်ညီမျှသော သွင်းအားစုဓာတ်မြေဩဇာများကို မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းကိုးသင်းဖြစ်သည့် ပန်းဘဲတန်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းသား ၂၂ ဦး၏ စိုက်ဧက ၁၂၃ ဧကအတွက် တန်ဖိုးငွေကျပ် ၂၄ ဒသမ ၆ သန်း၊

ဆက်လက်ဖတ်ရှုရန်

Aug 19, 2024

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဩဂုတ် ၁၆ ရက် နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဧရာဝတီရိပ်သာ အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနအဖွဲ့အစည်းများမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးရှိ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်အနောက် ပိုင်းနည်းပညာတက္ကသိုလ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2024

ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် ၁/၂၀၂၄ ပါ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း (၂၀)၏ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး ၅၃၃ နေရာရွေးချယ်ပေးရေးအတွက် ရေးဖြေစာမေးပွဲကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေး မြို့၊ မကွေးမြို့နှင့် မော်လမြိုင်မြို့များရှိ စာစစ်ဌာနငါးခု၌ ဩဂုတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တစ်ပြိုင်တည်းကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဩဂုတ် ၁၇ ရက်နှင့် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့နှင့် သက်ဆိုင်ရာဒေသများ၌ တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါး၊ မိုးစပါးစီမံကိန်းနှင့် ဆီထွက်သီးနှံစီမံကိန်းများ လုပ်ငန်းဆိုင်ရာများ၊ နေကြာသီးနှံနှင့် ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ မေထုန်မဲ့သားစပ်လုပ်ငန်းများဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေး ဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည့် (၉) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယနေ့ညပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2024

မြန်မာတို့၏ ဆယ့်နှစ်လရာသီတွင် ထူးကဲသောလပြည့်နေ့ အသီးသီးရှိကြရာ၌ ဝါခေါင်လပြည့်နေ့သည် မေတ္တာဓာတ်များလွှမ်းခြုံပတ်၍ ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပေးနိုင်သည့် နေ့မြတ်ဖြစ်ပေသည်။ ဝါခေါင်လပြည့်နေ့တွင် ဗုဒ္ဓမြတ်စွာဘုရားရှင်က မေတ္တသုတ်တရားတော်ကို ထုတ်ဖော်ဟောကြားသည့် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) ဟူ၍ သတ်မှတ်ခဲ့ကြပြီး ကောင်းမှုအထူးတို့ကို ပြုလုပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2024

ပစ္စုပ္ပန်တွင် မိမိတို့ရှင်သန်နေထိုင်ကြရသည့် ကမ္ဘာကြီးသည် အမျက်ဒေါသတို့ တောက်လောင်ပိတ်ဖုံးနေသည့်ကမ္ဘာဟုပင် ထင်စရာဖြစ်သည်။ သတင်းအချက်အလက်နှင့် နည်းပညာခေတ်တွင် မိမိပတ်ဝန်းကျင်မှသည် ကမ္ဘာတစ်ခွင်လုံးအထိ မြင်သမျှ၊ တွေ့သမျှ၊ ကြားသမျှတို့မှာ ဒေါသတို့ဖြင့် ကြမ်းတမ်းခက်ထန်နေသည်။ အမျက်ဒေါသဟူသည် သတ္တဝါတို့၏ အကျိုးစီးပွားမဲ့ကို စင်စစ်ပြုတတ်သော ရန်သူစစ်စစ်ဖြစ်၏ဟု ဒေါသကထာတွင် ဖွင့်ဆိုထားသည်။ ကမ္ဘာပျက်သောအခါ တောက်လောင်သော ကမ္ဘာဖျက်မီးသည် ပူပန်လှ၏ဟုဆိုသည့်တိုင် ဒေါသတည်း ဟူသောမီးမှာမူ ကမ္ဘာဖျက်မီးမျှမက သာလွန်၍ ပူပန်စေတတ်သည်ဟုလည်း ဆိုသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2024

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရတနာပုံတံတားတွင် စစ်ကိုင်းဘက်မှ မန္တလေးဘက်သို့ မင်းမင်းဦးမောင်းနှင်ပြီး အောင်ဇော်ထွေးလိုက်ပါလာသည့် NISSAN CANTER ၆ ဘီး မော်တော်ယာဉ်နှင့် သက်ခိုင်ထွေးမောင်းနှင်ပြီး အောင်ဇေလိုက်ပါလာသည့် NISSAN CANTER ၆ ဘီး မော်တော်ယာဉ် ၂ စီးပေါ်မှ ပလတ်စတစ်ပီပါများဖြင့်ထည့်လျက် ဓာတုပစ္စည်း PROPIOPHENONE ၁,၀၂၀ လီတာအားလည်းကောင်း၊

ဆက်လက်ဖတ်ရှုရန်