Aug 21, 2024
အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
Aug 21, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Aug 21, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ကြာပင်ကျေးရွာအုပ်စု အောင်သုခကျေးရွာသို့ သွားရောက်ပြီး လုပ်ငန်းရှင် ဦးဖြူကိုနှင့် ဒေါ်မီမီကျော်တို့၏ ဇီဝဇိုးငှက်သိုက် မွေးမြူထုတ်လုပ်ရေးလုပ်ငန်းကို ကြည့်ရှုလေ့လာသည်။
Aug 21, 2024
လက်ရှိမိုးရာသီကာအတွင်း ဇူလိုင် ၂၇ ရက်မှစ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းလျက်ရှိပြီး ရေကြီးရေလျှံမှုများကြောင့် မြန်မာ့မီးရထား၏ ပုသိမ်-ဟင်္သာတ-ကြံခင်း ရထားလမ်းပိုင်းအတွင်း ကျောင်းကုန်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်နှင့် ရေကြည်မြို့နယ်တို့အတွင်း နေရာအချို့တွင် ရထားသံလမ်းပေါ်သို့ ရေကျော်တက်ခြင်း၊ ရထားတံတားအချို့၏ ရေလယ်တိုင်နှင့် ကမ်းကပ်ခုံများ ရေတိုက်စားခံရခြင်းတို့ ကြုံတွေ့ခဲ့ရသဖြင့် ရထားခရီးစဉ်များကို ယာယီရပ်နားထားခဲ့ရပြီး ရေကျော်စီးဆင်းနေသောနေရာများတွင် ရေကင်းစောင့်ဝန်ထမ်းများ နေ့/ညမပြတ် တာဝန်ချထား၍ စောင့်ကြည့်ခြင်း၊ ရေကျသွားသည့် ရထားလမ်းပိုင်းအတွင်း မြန်မာ့မီးရထားတာဝန်ရှိသူများနှင့် လုပ်သားများက သံလမ်းပြေးယာဉ် RGC များအသုံးပြု၍ ကျောက်များချခြင်း၊ ရထားလမ်းနှင့်တံတားများ၏ ကြံ့ခိုင်ရေးလုပ်ငန်းများကို နေ့စဉ်စစ်ဆေးဆောင်ရွက်ခဲ့သည်။
Aug 21, 2024
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းက တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေး တံတားသို့သွားရောက်ကာ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ဝင်ထွက်သွားလာနေမှုအခြေအနေများ၊ ခရီးသွားဧည့်သည်များ ဘေးကင်းလုံခြုံအဆင်ပြေလွယ်ကူချောမွေ့စွာ ဝင်/ထွက်သွားလာနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Aug 21, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၈ ရက် တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ် နောင်လုံကျေးရွာအနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Smart Fabric Softener ဆပ်ပြာအမွှေးဆီ အထုပ် ၁၂၀၀ အပါအဝင် ကုန်ပစ္စည်းငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၅၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Truck တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၅၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Aug 21, 2024
တိရစ္ဆာန်ဆေးဝါး၊ အစာနှင့် မျိုးတိရစ္ဆာန်များ ပြည်ပမှတင်သွင်းနိုင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 21, 2024
ကမ္ဘာ့နိုင်ငံပေါင်း ၁၅၉ နိုင်ငံဖြင့် ပါဝင်ဖွဲ့စည်းထားသော ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် နှစ်စဉ် စက်တင်ဘာ ၂၇ ရက်ကို “ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့” အဖြစ် သတ်မှတ်ထားပြီး အဖွဲ့ဝင်နိုင်ငံများက ယင်းနေ့တွင် အခမ်းအနားများကျင်းပလေ့ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို စက်တင်ဘာ ၂၇ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်၍ ယင်းနေ့အထိမ်းအမှတ်အဖြစ် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
Aug 21, 2024
မြန်မာနိုင်ငံ၏ ပြည်ပစားသုံးဆီတင်သွင်းမှုလျော့ကျစေရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်ရန်လိုအပ်သကဲ့သို့ အရည်အသွေးကောင်းမွန်သည့် စားသုံးဆီများထုတ်လုပ်ရန် အဆင့်မီဆီစက်များလည်းလိုအပ်နေသဖြင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်ဖွဲ့စည်းပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
Aug 21, 2024
ကျန်းမာရေးဝန်ကြီးဌာန ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်ပေါင်းစုံ(ဇုန်-၁)၊ အုပ်စုအဆင့်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏဘောလုံးအားကစားကွင်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးသည်။