နေပြည်တော် ဇူလိုင် ၂၉
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းထုတ်လွှင့်မှုကို ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်မှစပြီး ဇူလိုင် ၃၁ ရက်အထိ နေ့စဉ် နံနက် ၆:၀၀ နာရီမှစပြီး ရှမ်း ၊ “ဝ”၊ ကချင်၊ ကယား၊ စကောကရင်၊ အနောက်ပိုးကရင်၊ အရှေ့ပိုးကရင်၊ ချင်း (လိုင်ဇိုး)၊ ချင်း (ချိုး)၊ မွန်၊ ရခိုင်ဘာသာအစီအစဉ်များကို ည ၂၃:၀၀ နာရီအထိ ထုတ်လွှင့်လျက်ရှိသည်။
ယခု NRC ရုပ်သံလိုင်းထုတ်လွှင့်ချိန် ပြောင်းလဲထုတ်လွှင့်မှုကို ၂၀၂၄ ခုနှစ် ဩဂုတ် ၁ ရက်မှစပြီး နိုဝင်ဘာ ၃၀ ရက်အထိ နေ့စဉ်နံနက် ၆:၀၀ နာရီမှ ၈:၀၀ နာရီအထိ “ဝ” ဘာသာအစီအစဉ်၊ နံနက် ၈:၀၀ နာရီမှ ၁၀:၀၀ နာရီ အထိ ကချင်ဘာသာအစီအစဉ်၊ နံနက် ၁၀:၀၀ နာရီမှ မွန်းတည့် ၁၂:၀၀ နာရီအထိ ကယားဘာသာအစီအစဉ်၊ မွန်းတည့် ၁၂:၀၀ နာရီမှ မွန်းလွဲ ၁၃:၀၀ နာရီအထိ စကောကရင်ဘာသာအစီအစဉ်၊ မွန်းလွဲ ၁၃:၀၀ နာရီ မှ ၁၄:၀၀ နာရီအထိ အနောက်ပိုးကရင်ဘာသာအစီအစဉ်၊ မွန်းလွဲ ၁၄:၀၀ နာရီမှ ၁၅:၀၀ နာရီအထိ အရှေ့ပိုးကရင်ဘာသာအစီအစဉ်၊ မွန်းလွဲ ၁၅:၀၀ နာရီမှ ညနေ ၁၆:၀၀ နာရီအထိ ချင်း (လိုင်ဇိုး) ဘာသာအစီအစဉ်၊ ညနေ ၁၆:၀၀ နာရီမှ ညနေ ၁၇:၀၀ နာရီအထိ ချင်း (ချိုး) ဘာသာအစီအစဉ်၊ ညနေ ၁၇:၀၀ နာရီမှ ည ၁၉:၀၀ နာရီအထိ မွန်ဘာသာအစီအစဉ်၊ ည ၁၉:၀၀ နာရီ မှ ၂၁:၀၀နာရီအထိ ရခိုင်ဘာသာအစီအစဉ်၊ ည ၂၁:၀၀ နာရီမှ ၂၃:၀၀ နာရီအထိ ရှမ်းဘာသာအစီအစဉ်တို့ကို ဘာသာအလိုက် အချိန်ပြောင်းလဲထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်