Skip to main content

ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ရန် ကျားဖောင်ပေါ်သို့ ပို့ဆောင်၍ အဓမ္မခိုင်းစေပြီး လုပ်အားခ ခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်

နေပြည်တော် ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်နေ အောင်ဇော်ဦး (ခ) ကြွက်နီနှင့် မြောင်းမြမြို့နေ ဇော်နိုင်တို့က လပွတ္တာမြို့နယ်နေ ဦး -----၊ ၃၄/၂၀၂၃ နှစ်အား မြောင်းမြမြို့ရှိ ပေါင်မုန့်စက်ရုံတွင် အလုပ်အပ်ပေးမည်ဟု လိမ်လည်ပြောဆိုကာ ဖျာပုံမြို့နယ် နောက်မီးကျေးရွာမှ လူဝကြီး (ခ) သန်းနိုင် ထံတွင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ရန် ကျားဖောင်ပေါ်သို့ ပို့ဆောင်ပြီး လုပ်အားခငွေကျပ် ၇၅၀၀၀၀ အား ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ကန်ဘက်နယ်မြေရဲစခန်း (ပ) ၇၃/၂၀၂၃၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၆ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ရာ လပွတ္တာခရိုင်တရားရုံးက ယနေ့တွင် တရားခံ အောင်ဇော်ဦး (ခ) ကြွက်နီနှင့် ဇော်နိုင်တို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၆ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်