နေပြည်တော် ဇူလိုင် ၂၉
ငါးလုပ်ငန်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (သာယာဝတီ) ကျောင်းမှ ကျောင်းသား ကျောင်းသူများအား အခြေခံ ငါးမွေးမြူရေးနှင့် ငါးဆေးထိုး သားဖောက်ခြင်းအား စာတွေ့လက်တွေ့ သိရှိနိုင်ရေးအတွက် ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက အုတ်ဖိုငါးလုပ်ငန်းစခန်းတွင် အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်ခြင်းသင်တန်းကို ဖွင့်လှစ်ပို့ချပေးသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (သာယာဝတီ) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးထွဋ်၊ အုပ်ချုပ်သူဆရာ ဆရာမ ငါးဦးနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ပြီး အုတ်ဖိုငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်မိုးသီတာက အခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုးသားဖောက်ခြင်းဘာသာရပ်များဖြစ်သော ကန်ပြင်ဆင်ခြင်း၊ မျိုးငါးရွေးချယ်ခြင်း၊ ငါးမှုန်ငါးသန် ပြုစုခြင်းတို့အား စာတွေ့သင်ကြားပို့ချပေးပြီး ငါးမြစ်ချင်းငါးဆေးထိုး သားဖောက်ခြင်းကို လက်တွေ့ပို့ချပေးသည်။ အဆိုပါသင်တန်းသို့ ကျောင်းသား ခြောက်ဦးနှင့် ကျောင်းသူ ၂၂ ဦး တက်ရောက်ကြောင်း သိရသည်။
သတင်းစဉ်