Skip to main content

တရားမအထူးအယူခံမှု ငါးမှုကို စီရင်ချက်ချမှတ်၊ ရာဇဝတ်အထူးအယူခံမှု တစ်မှုနှင့် တရားမအထူးအယူခံမှု ငါးမှုကို ရုံးထိုင်ကြားနာ

နေပြည်တော် ဇူလိုင် ၂၉

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးတင့်၊ ဦးခင်မောင်ကြီး၊ ဒေါ်ခင်မေရီ၊ ဒေါ်ပြုံးပြုံးအေးတို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှု အမှတ် ၂၇/၂၀၂၄ (ရန်ကုန်)၊ ၂၈/၂၀၂၄ (ရှမ်း)၊ ၃၂/၂၀၂၄ (ရှမ်း)၊ ၃၃/၂၀၂၄ (ရှမ်း) နှင့် ၃၅/၂၀၂၄ (ရန်ကုန်) ၊ စုစုပေါင်း တရားမအထူးအယူခံမှု ငါးမှုကို စီရင်ချက်ချမှတ်သည်။

ထို့ပြင် ရာဇဝတ်အထူးအယူခံမှုအမှတ် ၅/၂၀၂၄ (မန္တလေး) နှင့် တရားမအထူးအယူခံမှုအမှတ် ၆/၂၀၂၄ (မန္တလေး)၊ ၃၀/၂၀၂၄ (ကချင်)၊ ၃၇/၂၀၂၄ (ရန်ကုန်)၊ ၃၉/၂၀၂၄ (ပဲခူး)၊ ၄၀/၂၀၂၄ (မန္တလေး)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု တစ်မှုနှင့် တရားမအထူးအယူခံမှု ငါးမှုကို ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်