Sep 07, 2024
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက မိတ္ထီလာတောင်ကန်နှင့် မြောက်ကန်ရေသောက်စနစ်များ၏ မိုးစပါးရေပေးဝေမှု၊ ရေသောက်စနစ်များ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် မိတ္ထီလာကန်ရေသိုလှောင်ထားရှိမှု၊ ထိန်းသိမ်းဆောင်ရွက်ထားရှိမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ရေသောက်စနစ်အတွင်း သီးနှံစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆည်ရေရရှိရန် ခက်ခဲသော အချို့ဧရိယာများတွင် မြေအောက်ရေထုတ်ယူသုံးစွဲ နိုင်ရေးနှင့် စိုက်ပျိုးရေရှိနိုင်ရေး နည်းလမ်းပေါင်းစုံ ဖြင့် စီမံဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားသည်။
Sep 07, 2024
၁။ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ACE အိမ်ရာ၊ စိန်ပန်းလမ်း၊ ခြံအမှတ် (၂၆) တွင် ပါတီရုံးချုပ်တည်ရှိသော ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (Unity and Development Party) က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၅-၉-၂၀၂၄ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။
Sep 07, 2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ကော်မတီဝင်များဖြစ်ကြသော ဦးထွန်းထွန်းနှင့် ဦးခွန်နေထွန်းဦး၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် သီရိမဏ္ဍိုင် လမ်းဘေးဝဲ၊ ယာတွင် မြက်ချုံနှင့် သစ်ကိုင်းများရှင်းလင်းခြင်းနှင့် အမှိုက်များသိမ်းဆည်းစွန့်ပစ်ခြင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
Sep 07, 2024
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Sep 07, 2024
နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင် - ၁၀၀၀) ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်များကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်သည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
Sep 07, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းတွင် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု ဂွေးပင်စံပြကျေးရွာ၌ ချောင်းကမ်းကြီး စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ အသင်းသား တောင်သူများ၊ ကျေးရွာသူကျေးရွာသားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Sep 07, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ်အား ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Sep 07, 2024
မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက် ရေးဆိုင်ရာ တိုးတက်မှုအစီရင်ခံစာနှင့်ပတ်သက်၍ အာရှ - ပစိဖိတ် ပူးတွဲအဖွဲ့ (Asia Pacific Joint Group-APJG) မျက်နှာချင်းဆိုင်အစည်းအဝေးနှင့် ကြိုတင်အစည်းအဝေးများကို စက်တင်ဘာ ၃ ရက် မှ ၅ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးသည်။
Sep 07, 2024
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဗဟိုမဲဆန္ဒရှင်စာရင်းများစီမံခန့်ခွဲမှုစနစ် (CVLMS) အဆင့်မြှင့်မွမ်းမံထားသည့်အခြေအနေ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 07, 2024
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက နေပြည်တော်တက္ကသိုလ်များနယ်မြေရေဆင်းရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ရွှေရတုခန်းမ၌ ကျင်းပသည်။