Skip to main content

Sep 09, 2024

မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြည်ပထွက်ခွာ အလုပ်လုပ်ခဲ့ကြသည်မှာ ၁၉၉၀ ပြည့်လွန်နှစ်များမှ စတင်ခဲ့ခြင်းဖြစ်ရာ နှစ်ပေါင်း ၃၀ ကျော်ခဲ့ပြီဖြစ်သည်။ မိမိနိုင်ငံထက် လုပ်ခလစာဆွဲဆောင်မှုကောင်းသည့် နိုင်ငံများဆီသို့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ကြသည်မှာ ကမ္ဘာတစ်ဝန်းလုံးတွင်ပင်ဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားများက မိခင်နိုင်ငံရှိ မိသားစုထံ ပြန်လည်လွှဲပြောင်းငွေများမှာ နိုင်ငံ၏စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုပါ အထောက်အကူပြုခြင်းကြောင့် ပြည်ပအလုပ်သမားစျေးကွက်သို့ မိမိနိုင်ငံသားအလုပ်သမားများ စေလွှတ်ခြင်းကို စနစ်တကျပြုလုပ်ကြရသည်။ မြန်မာနိုင်ငံမှာမူ ပထဝီအနေအထားအရ နယ်နိမိတ်ချင်းထိစပ်နေသည့် နိုင်ငံအချို့ဆီသို့ တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်မှုများ ရှိနေသည့်အလျောက် ပြည်ပရောက်ရွှေ့ပြောင်းအလုပ်သမားဦးရေ အမှန်စာရင်းကိုပင် ရရှိရန်မလွယ်ကူကြောင်း တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2024

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် (၂၁)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး၊ (၁၄) ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များအစည်းအဝေးနှင့် (၂၁) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များအစည်းအဝေးများသို့ တက်ရောက်ခဲ့ကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် ဗိုလ်ချုပ်မင်းသူတို့ ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၇ ရက် ညနေပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ Wattay အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းဖြင့် ပြန်လည်ထွက်ခွာကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Sep 08, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မရမ်းကုန်းမြို့နယ် သီရိရတနာစျေးရှိ ဂို‌ဒေါင်တစ်လုံးနှင့် ဂိုဒေါင်ရှေ့၌ ရပ်တန့်ထားသောယာဉ်နှစ်စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းကိုးမျိုး၊ လူသုံးကုန်ပစ္စည်းနှစ်မျိုးနှင့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၀၇၅၄၇၅)နှင့် အဆိုပါပစ္စည်းများတင်ဆောင်ထားသည့် Yutong Bus နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၈၀၇၅၄၇၅ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2024

‌လယ်ယာကဏ္ဍဖွံ့ဖြိုးရေးစားရေရိက္ခာဖူလုံ ပိုလျှံရေး ကြိုးပမ်းဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများအကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး၊ လက်တွေ့မြေပြင်လိုအပ်ချက်နှင့် သုတေသနလုပ်ငန်းများ ဟန်ချက်ညီဆောင်ရွက်နိုင်ရေးအတွက် လစဉ်ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲများကို ဌာနတွင်းပညာရှင်များက သက်ဆိုင်ရာကဏ္ဍများမှ ဦးဆောင်ဆွေးနွေးခြင်း၊ အခမ်းအနားတက်ရောက်လာကြသူများက သုံးသပ်အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က (၃၇)ကြိမ်မြောက်ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲတွင် “မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်များထိန်းသိမ်းခြင်းနှင့် မျိုးမြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2024

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာခရိုင် လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ရုံးတွင် ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2024

ထိုင်းနိုင်ငံ၌ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၈ ရက်အထိ ကျင်းပလျက်ရှိသည့် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ Woman Team Regu ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအသင်း ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2024

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ယနေ့တွင် မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ နေပြည်တော်- သာစည် - သဲတော - မန္တလေး ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေမှု၊ မန္တလေး - မြို့ဟောင်း - ဆည်တော် - ဇီးပင်ကြီး - ပြင်ဦးလွင် ရထားလမ်းပိုင်းရှိဘူတာများ၊ ရထားလမ်းတံတားများ၏ အခြေအနေနှင့် ဒီဇယ်စက်ခေါင်းပြင် စက်ရုံ (ပြင်ဦးလွင်)တို့ကို စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2024

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းရေကန် ၉၁ ကန် ပြန်လည်တူးဖော်ရေးတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့်လည်း ရေကန်နှစ်ကန်ပါဝင်လှူဒါန်းတူးဖော်ပေးလျက်ရှိရာ ဒုတိယဝန်ကြီးဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တူရွင်းတိုင်ကျေးရွာအနီးရှိ ကန်အမှတ် - ၀၅၉ ပအိန်းကန် တူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရှေးဟောင်းသုတေသနဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ တူးဖော်ရန်နှင့် မိုးမကုန်မီ ရေစုဆောင်းနိုင်ရေးအတွက် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်တို့ကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် စက်တင်ဘာ ၄ ရက်မှ ၆ ရက်အထိ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်နှင့် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတို့ကို သွားရောက်ပြီး ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ဆက်လက်ဖတ်ရှုရန်