Skip to main content

ပြည်သူ့ကြားက ပြည်သူ့စကား အစီအစဉ်ထုတ်လွှင့်မည်

နေပြည်တော် ဩဂုတ် ၁၃

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “ဆေးရုံရှိ ဆေးဝန်ထမ်းများ၊ ဆေးဝါးကုသနေတဲ့ လူနာများ၊ အမျိုးသမီးနှင့် ကလေးပါမကျန် ကြောက်မက်ဖွယ် လူမဆန်စွာရက်ရက်စက်စက်သတ်ဖြတ်ခဲ့မှု” ခေါင်းစဉ်ဖြင့် ဩဂုတ် ၁၄ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

လာမည့်အပတ် ဗုဒ္ဓဟူးနေ့မွန်းလွဲ ၁ နာရီတွင် “ပြည်သူတွေ စက်သုံးဆီအခက်အခဲဖြစ်အောင် ပြုလုပ်နေတဲ့ ဝိသမလောဘသားများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ်ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၈၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့်ပရိသတ်များ၏ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များအား လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်