Skip to main content

Mar 11, 2024

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ကာယပညာနှင့် အားကစားနည်းပြ မွမ်းမံသင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော် လယ်ဝေးအားကစားလေ့ကျင့်ရေးစခန်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2024

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ (၁၄) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ (ငြိမ်း) ဦးတင်အေးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဝန်ထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက် စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ ၁၇ လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိ သည့် Crystal One Piece Toilet အခု ၇၀၊ တရုတ်နိုင်ငံထုတ် Ceramic Tiles ၁၂၆၅၂ ဒသမ ၂ စတုရန်းမီတာအပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၅၀၅၅၂၃) ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ ဘားအံမြို့မှရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Linglong ကားတာယာ အလုံး ၁၅၀၊ Smart အမွှေးဆီထုပ် ၂၄၀၀ အပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၁၇၅၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး၊ Dong Feng Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၆၅၂၃၀၂၃ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ် မတ် ၁ဝ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၄) ဖြင့် အရန်တပ်ဖွဲ့နည်းဥပဒေများကို ထုတ်ပြန် ကြေညာကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2024

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများအနေဖြင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူပါမောက္ခ/အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ အဆင့်မြင့်ရောဂါရှာဖွေစမ်းသပ်စစ်ဆေးမှုများနှင့် ကုသမှုများကိုမိမိတို့ဒေသ၌ ခံယူနိုင်ခြင်းဖြင့် ရောဂါများကိုစောစီးစွာသိရှိပြီး လိုအပ်သောကုသမှုများကို အချိန်မီရရှိကာကျန်းမာစွာ အသက်ရှည်နေထိုင်နိုင်ရန်အတွက်လည်းကောင်း၊ ဆေးကုသမှုအတွက်ကုန်ကျစရိတ် သက်သာခြင်းကြောင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူဖြစ်စေရန်အတွက်လည်းကောင်း၊ ရန်ကုန်/မန္တလေး/နေပြည်တော်တို့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးကုဆေးကုသရေးအဖွဲ့များ၏ ကွင်းဆင်းကုသမှုအစီ အစဉ်များကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2024

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သန်းထိုက်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2024

ဧရာဝတီတိုင်းဒေသကြီး ငပုတော မြို့နယ် ဟိုင်းကြီးကျွန်းမြို့ ဇီးချိုင်ကျေးရွာအုပ်စု မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ၊ ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာနှင့် ကမ္ပည်းမော်ကွန်းကျောက်စာတော်ဖွင့်ပွဲ၊ ရင်ပြင်တော်တိုးချဲ့ တည်ဆောက်ခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်း ရေစက်ချမင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၏ တောင်ခြေရှိမင်္ဂလာမုခ်ဦး၌ပြုလုပ်ရာ ပုသိမ်မြို့မရမ်းချိုကျောင်းတိုက် ပဓာနနာယကဆရာတော် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဩဝါဒါစရိယအဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသောဘိတအမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရနည်းပညာကောလိပ် (မန္တလေး၊ ကျောက်ဖြူ၊ ရွှေဘို)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (မိုးညှင်း၊ ပူတာအို၊ ကန့်ဘလူ၊ ခန္တီး၊ မော်လမြိုင်၊ သံတွဲ၊ ပြင်ဦးလွင်၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ လက်ပံတန်း၊ ချောက်၊ ရေနံချောင်း၊ သရက်၊ မကွေး၊ အင်းစိန်၊ ရွှေပြည်သာ၊ ဝါးခယ်မ၊ လပွတ္တာ၊ ကျိုက်လတ်) တို့၌ A.G.T.I ဒီပလိုမာအပ်နှင်းသည့် အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် ကျင်းပကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2024

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းရေကူးကန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များမှာကြားကာ ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2024

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ (၁၄) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ (ငြိမ်း) ဦးတင်အေးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ဝန်ထမ်းများတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2024

အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၊ ဆဋ္ဌအစည်းအဝေး၊ တတိယနေ့ကို ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ယနေ့နံနက် ၈ နာရီတွင်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2024

၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲများကို နိုင်ငံတစ်ဝန်းတွင် ယနေ့စတင်ဖြေဆိုနေကြပြီဖြစ်သည်။ မတ်လ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ တစ်ရက်လျှင် တစ်ဘာသာဖြင့် ဖြေဆိုနေကြသည့်စာမေးပွဲသည် ကျောင်းသားကျောင်းသူလူငယ်လူရွယ်များ၏အနာဂတ်အတွက် ဘဝတစ်ဆစ်ချိုး ပြောင်းလဲစေမည့်အရည်အချင်းစစ်ဆေးပွဲ ဖြစ်သည်။ ပညာအရည်အချင်းပြည့်မီသူများ ဘာသာရပ်ဆိုင်ရာအလိုက် တက္ကသိုလ်အသီးသီးသို့ဝင်ခွင့်ရကြပြီး အဆင့်မြင့်ပညာများကို ဆက်လက်ဆည်းပူးနိုင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2024

နိုင်ငံတော်ကိုတည်ဆောက်ရာတွင် နိုင်ငံ့ဝန်ထမ်းများ၏ ကျွမ်းကျင်မှု၊ အရည်အချင်းပြည့်ဝမှု၊ တာဝန်ကျေပွန်မှုတို့ လိုအပ်သကဲ့သို့ ကျင့်ဝတ်များကို လေးစားလိုက်နာစောင့်ထိန်းကြရန်လည်းလိုသည်။ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတွင်ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖြစ်ပေါ်ရေးအတွက် အဓိကတာဝန်ထမ်းဆောင်နေကြသူများဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရကချမှတ်သည့် မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်အညီ လုပ်ငန်းများကိုအကောင်အထည်ဖော် ဆောင်ရွက်ကြရသူများဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 10, 2024

ယနေ့ နံနက် ၀၈:၄၀ ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရန်ကုန်- မန္တလေးရထားလမ်းပိုင်းအတွင်း ကျောက်ဆည်-မင်းစုဘူတာအကြား၊ မိုင် ၃၅၃/၂၄ နှင့် ၃၅၄/၁ ကြား တံတားအမှတ် ၇၃၈ ၏ အစုန်/အဆန် ပေ ၂၀ သံဘောင်တံတားနှင့် ကွန်ကရစ်တံတားများ ပေါ်တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းအရနယ်မြေခံလုံခြုံရေးအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာတံတားများရှိ အရှေ့ဘက်ခြမ်းသံလမ်းများ (၂) ပေခန့်စီ ပြတ်ထွက်နေပြီး မကွဲသေး သော လက်ကျန် မိုင်း(၁)လုံး အားတွေ့ရှိခဲ့သဖြင့် မင်းစု-ကျောက်ဆည် အစုန်/အဆန်လမ်းပိုင်းများအား နံနက်၈ နာရီ ၅၀ မိနစ်အချိန်တွင် ခေတ္တပိတ်ခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 10, 2024

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့ များမှအရာရှိ၊ စစ်သည်၊ စစ်သမီးများက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေးအတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုင်းစစ်ဌာနချုပ်များအလိုက် တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ စိတ်ပျော်ရွှင်ကြည်နူး ချမ်းမြေ့စေရန်အတွက် တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရှေ့တန်းစခန်းများနှင့် တပ်နယ်များအလိုက် နယ်မြေခံတပ်ရင်းဌာနချုပ်များသို့ အလှည့်ကျသွားရောက်၍ ကိုယ်ချင်းစာစိတ် အပြည့်အဝဖြင့် ဂုဏ်ပြုဖျော်ဖြေလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 10, 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင်ပါဝင်သည့် စစ်ရေးပြစစ်ကြောင်းများမှ တပ်မတော်(ကြည်း၊ ရေ၊ လေ)အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ကြည်း)အမျိုးသမီး စစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမျိုးသမီးစစ်ရေးပြ တပ်ခွဲတို့က ၂ သုတ်ခွဲ၍ လာရောက်ဖူးမြော် ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 10, 2024

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လစာလာထုတ်သည့် မြို့နယ်ပညာရေးမှူးနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အခန်းစောင့်ရန်လာသည့် ဆရာ၊ ဆရာမ ၂၀ ဦးခန့်ကို မတ်လ ၇ ရက်နေ့က စစ်တွေမြို့မရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာအချို့က မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 10, 2024

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကသဲရပ်ကွက်အတွင်းသို့ AA အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ဒေသခံပြည်သူ ၉ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 10, 2024

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းနှင့် ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်လူမွန်တို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝန်ထမ်းအိမ်ရာများ၌ အိမ်ရာပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု၊ သတ်မှတ်ထားသော အိမ်ရာစည်းကမ်းများနှင့်အညီ နေထိုင်မှု ရှိ/ မရှိ၊ တရားမဝင်သူများနေထိုင်မှု ရှိ/မရှိ အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြသည်။

ဆက်လက်ဖတ်ရှုရန်