Skip to main content

Mar 09, 2024

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ကျောင်းသစ်ကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Mar 09, 2024

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရင်မောင်ညွန့်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ အိမ်သုံးပစ္စည်းစက်ရုံ(မင်းစု)သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2024

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ်(၄၉)ကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2024

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၃)ဖြင့် ဆောင်ရွက်မည့် “မြန်မာနိုင်ငံ၏ ဒေသကြက်များ မျိုးရိုးဗီဇအဆင့်မြှင့်တင်ခြင်းနှင့် အဖြစ်များသော ကူးစက်ရောဂါများ ရှာဖွေဖော်ထုတ်ခြင်းဖြင့် ဒေသကြက်မွေးမြူထုတ်လုပ်မှု ပိုမိုမြင့်မားစေခြင်း” စီမံကိန်း စတင်ကြောင်း မိတ်ဆက်ခြင်းနှင့် “ဒေသကြက်မျိုးမြှင့်တင်ရေးအတွက် ကြက်သား စပ်ခြင်းနှင့် ဒေသကြက်ရောဂါ စူးစမ်းရှာဖွေခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရေဆင်းရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်သင်တန်းခန်းမ၌ ကျင်းပရာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ သုတေသီများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းရင်းကြက်မွေးမြူရေးနှင့် ကြက်သားဖောက်လုပ်ငန်း ပုဂ္ဂလိကလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2024

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ လုံးတော်ပြည့် ရွှေစင်ရွှေပြားကပ်လှူရန် ပထမ အကြိမ် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ၁၃-၃-၂၀၂၄ ရက်နေ့တွင် စေတီတော်ရင်ပြင်ရှိ ဓမ္မာရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2024

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းလျားလမ်းရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်သို့ ရောက်ရှိပြီး မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တာဝန်ရှိသူများ၊ အားကစားသမားများနှင့် ရင်းရင်းနှီနှီး တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2024

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏(၇၈)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ မြဝတီစင်တာမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ်(၂၇) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2024

နေပြည်တော်ကောင်စီနယ်မြေတွင် သီးထပ်စွမ်းအားမြင့်မားရေး၊ တစ်ဧကချင်း၏ စိုက်ပျိုးထုတ်လုပ်နိုင်စွမ်းတိုးတက်ရေးအတွက် ရေသွင်းစနစ်မှန်ကန်ရေး၊ ရေပေးမြောင်း ရေသောက်မြောင်းများ ရေပေးဝေမှုအဆင်ပြေချောမွေ့စေရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် ယမန်နေ့ညနေပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဗဟိုအကြံပေးအဖွဲ့ဝင် စောဒန်နီရယ်သည် ယနေ့နံနက်ပိုင်းက ရပ်စောက်မြို့နယ် ယမ်းတွင်း ငကြောင်ကျေးရွာအုပ်စုပင်ဖြစ် ကျေးရွာပအိုဝ်းအမျိုးသားဘက်စုံ ဖွံ့ဖြိုးရေးရုံး၌ မြို့နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2024

ဆရာတော်အရှင်မြတ်တို့ဘုရား- ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် ကြပ်မတ်ကွပ်ကဲ ထိန်းသိမ်းစောင့်ရှောက်ရန်သံဃာ့အဖွဲ့ အစည်းအဆင့်ဆင့်ကို ဖွဲ့စည်းခဲ့ရခြင်းဖြစ်ကြောင်း ဆရာတော်အရှင်မြတ်များအားလုံး သဘောပေါက်ပြီးဖြစ်ကြပါသည်ဘုရား။ ရဟန်းသံဃာတော်များသည် သာသနာတော်တွင် လုပ်ငန်းတာဝန်နှစ်ရပ်ဖြင့် သီတင်းသုံးနေထိုင်တော်မူကြသည့် အားလျော်စွာ ဂန္ထဓုရတာဝန်ကို ဆောင်ရွက်တော်မူကြသော ပရိယတ္တိစာသင်တိုက်ကြီးများ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များက မိမိတို့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြခြင်း၊ ဝိပဿနာဓုရတာဝန်ကို ဆောင်ရွက်တော်မူကြသော ကမ္မဋ္ဌာန်းကျောင်းတိုက်များကလည်း မိမိတို့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြခြင်း၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တို့ကလည်း အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာသည့် သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ မိမိတို့လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ကြပ်မတ်ကွပ်ကဲ ထိန်းသိမ်းစောင့်ရှောက်ပေးခြင်းတို့ဖြင့် သုံးပွင့်ဆိုင်ညီညီညွတ်ညွတ် ဓမ္မာနုဂ္ဂဟကုသိုလ်ထူးကို ဆောင်ရွက် တော်မူနိုင်ကြရေးအလေးပေး လျှောက်ထားအပ်ပါသည်ဘုရား။ သို့မှသာ ဤလောက၌ မကြည်ညိုသေးသောသူတို့ ကြည်ညိုလာကြခြင်း၊ ကြည်ညိုပြီးသောသူတို့ကလည်း ပို၍ကြည်ညိုလာကြခြင်းဖြင့် သဗ္ဗညုဘုရားရှင်၏ သာသနာတော်ကြီးသည် ပြစ်မျိုးမထင် အညစ်အကြေးကင်းစင်၍ သန့်ရှင်းစင်ကြယ်စွာ ကြာရှည်အစဉ်တည်တံ့နေနိုင်မည် ဖြစ်ပါသည်ဘုရား။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2024

မြန်မာ့ကြိမ်နှင့် ဝါးအခန်းကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မှော်ဘီမြို့ရှိ AFoCO RETC သင်တန်း ကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2024

အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဆဋ္ဌအစည်းအဝေးပထမနေ့ကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူတော်ကြီးတွင် ယနေ့နံနက် ၈ နာရီက ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2024

“အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင်မြှုပ်နှံပေး” ဆောင်ပုဒ်ဖြင့် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ကျင်းပရာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင် နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2024

​​​​​​​မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်နှင့်အညီ စိုက်ပျိုးသီးနှံနှင့် စက်မှုကုန်ကြမ်းသီးနှံပန်းတိုင်အထွက်နှုန်းတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ စက်မှုကုန်ကြမ်းသီးနှံများတွင် ဝါသည်အရေးပါသည့် သီးနှံတစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် ဝါသီးနှံစိုက်ပျိုးကြပြီး ဝါစိုက်ဧကငါးသိန်း စိုက်ပျိုးနိုင်မည်ဆိုပါက ချည်ပိတ်ကိုက်သန်းပေါင်း ၅၈ သန်းထွက်ရှိမည်ဖြစ်၍ နိုင်ငံလူဦးရေ သန်း ၅၀ ကျော်၏ ဝတ်ရေးအတွက် ဖူလုံမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2024

​​​​​​​ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို မတ်လ ၇ ရက်က ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွေးနွေးပြောကြားရာတွင် မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဝါကြိတ်စက်များကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန်၊ ပြည်တွင်းမှ ထွက်ရှိသည့် ဝါဂွမ်းများကို ပြည်တွင်းဈေးကွက်တွင် ရောင်းချနိုင်ရေးနှင့် ချည်ကုန်ချောများ၊ အဆင့်မြင့်ချည်ထည်များ ထုတ်လုပ်နိုင်ရေးဆောင်ရွက်ပေးရန် စသည့်အချက်များကို ထည့်သွင်းဆွေးနွေး မှာကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့ရှိ ချမ်းမြေ့ဇေယျာသာမဏေကျော်တက္ကသိုလ်၊ သာမဏေကျော်ပရိယတ္တိစာသင်တိုက်၊ ဥဿာသီရိစာသင်တိုက်၊ သာသနာ့ပါလကျောင်းတိုက်တို့မှ ဆရာတော်၊ သံဃာတော် ၁၆၀ ပါးတို့က လာရောက်ဖူးမြော် ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို မတ်လ ၆ ရက်နေ့က တပ်မတော်မှဒရုန်းဖြင့် ဓာတုအဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက် စာမျက်နှာပေါ်တွင် မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 08, 2024

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားတောင်ကျေးရွာမှ လူငယ် ၁၅ ဦးကို စစ်မှုထမ်းဆောင်ရန်အတွက် ဖေဖော်ဝါရီလအတွင်းက တပ်မတော်မှလာရောက် ခေါ်ဆောင်သွားကြောင်းနှင့် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျေးရွာများကို တစ်ရွာလျှင် လူငယ် ၂၀ ဦး စုဆောင်းပေးရန် တောင်းခံနေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများအထင်အမြင် လွဲမှားစေရန်အတွက် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်