တပ်ကုန်း စက်တင်ဘာ ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် သပြေချောင်းကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေး၊ Future Star စက်သုံးဆီအရောင်းဆိုင်မှ ဂါလံ ၆၄၀၀ ဆံ့ 92 ဓာတ်ဆီသံသိုလှောင်ကန်သည် ယမန်နေ့မွန်းလွဲပိုင်းက ဆင်သေချောင်း ရေစီးနှင့်မျောပါခဲ့သည်။
အဆိုပါ စက်သုံးဆီအရောင်းဆိုင်နှင့် မိုင်ဝက်ခန့်အကွာ သောင်အစပ်တွင် သောင်တင်နေစဉ် သပြေချောင်းကျေးရွာနေ ကျပန်းလုပ်ကိုင်နေသူ ၁၂ ဦးတို့မှ စက်သုံးဆီသံကန်အားဖွင့်၍ စက်သုံးဆီခပ်ယူနေစဉ် ပွတ်တိုက်မှုဖြစ်ပွားပြီး မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် စက်သုံးဆီခတ်ယူသူ ၁၂ ဦးတို့မှာ မီးလောင်သည့်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်းနှင့် မီးလောင်နေသော စက်သုံးဆီကန်အား စက်သုံးဆီဆိုင် မန်နေဂျာနှင့် ပြည်သူများ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်