Mar 10, 2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် အေလာအုပ်စုရွာသစ်ကျေးရွာအနီး ရုံးပင်ချောင်း အေလာယာယီ ရေထိန်းဆည်မှ လျှပ်စစ်ရေတင်စနစ်ဖြင့် နွေနှမ်းသီးနှံဧက ၂၂၀ အတွက် စိုက်ပျိုးရေစတင်ပေးဝေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Mar 10, 2024
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း၌ ဖွင့်လှစ်လျက်ရှိသော ပြည်ပအလုပ်အကိုင်လမ်းညွှန် သင်တန်းပို့ချနေမှု၊ ပြည်ပသွားရောက်မည့် သင်တန်းတက်ရောက်ပြီး အလုပ်သမားများအား OWIC ကတ် ထုတ်ပေးနေမှု၊ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ POEA မှ ကိုရီးယားသို့ EPS စနစ်ဖြင့် အလုပ်သမားများ စေလွှတ်မှုအခြေအနေနှင့် EPS စာမေးပွဲအတွက် ပြင်ဆင်နေမှုများ၊ သင်တန်းကျောင်းဝင်းအတွင်း ပြုပြင်မွမ်းမံမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
Mar 10, 2024
၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ကျောင်းသား ကျောင်းသူ ၁၈၉၅၁ ဦး ဖြေဆိုမည် ဖြစ်သည်။
Mar 10, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Mar 10, 2024
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၈ ရက် ညနေ ၄ နာရီ မိနစ်၄၀ တွင် တောင်ကြီးမြို့နယ် မိုင်းသော် (အနောက်)ကျေးရွာအုပ်စု ဟဲကယ်ကျေးရွာအနီးတွင် သားဦးမောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ပူးပေါင်းအဖွဲ့သည် ယင်းနေ့ ညနေ ၆ နာရီတွင် တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်တွင် ဆမ်ဂျုံ မောင်းနှင်ပြီး ကျဟယ်လိုက်ပါလာသည့် CROWN အမျိုးအစားမော်တော်ယာဉ်ကို သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး ကက်တမင်း ကီလို ၁၀ ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၆ နာရီ ၄၅ မိနစ်တွင် စိုင်းလှဆွေ (ခ) အိုက်ကျိုင်းအား တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်ရှိနေအိမ်တွင် စိတ်ပြောင်းဆေးဝါး ကက်တမင်း သုညဒသမ ၉၈ ကီလို၊ အိုက်စ် သုည ဒသမ ၀၄ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀ တို့နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
Mar 10, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် တရုတ်နိုင်ငံထုတ် ပလပ်စတစ်အလိပ် ၁၈၅၃၂ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၅၃၈၂၂၀)ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန် သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာသုံးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Stanley Tutron အင်ဂျင်ဝိုင် ကီလိုဂရမ် ၄၅၀၀ ၊ နွယ်ချိုအမြစ်ခြောက် ကီလိုဂရမ် ၂၃၀၀၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၃၇၀၈၀၀၀)
Mar 10, 2024
အနောက်တောင် တိုင်းစစ်ဌာနချုပ် (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စစ်သည်တော် ကျင့်ဝတ်ပြိုင်ပွဲအား ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ နယ်မြေခံသင်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
Mar 10, 2024
ငါးလုပ်ငန်းဆိုင်ရာ သုတေသနရန်ပုံငွေထူထောင်မှု သဘောတူစာချုပ်အရ သုတေသနရန်ပုံငွေစီမံအုပ်ချုပ်မှု ကော်မတီအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။
Mar 10, 2024
ရှမ်းပြည်နယ် (တောင်ပိုင်း) မြို့နယ်အသီးသီးရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက ခရေရိပ်သာ၌ တွေ့ဆုံသည်။
Mar 10, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၀၀) အနီး၌ ဓာတ်အားခွဲရုံတည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေးနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက်ရန် မှာကြားသည်။
Mar 10, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုခန်းမ၌ ကျင်းပသော ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးနည်း သင်တန်းနှင့် အခြေခံပုံတူပန်းချီရေးဆွဲနည်း သင်တန်းဖွင့်ပွဲသို့ တက်ရောက်အမှာစကားပြောကြားသည်။
Mar 10, 2024
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် အီတလီနိုင်ငံ University of March မှ ရေအရင်း အမြစ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် Dr.Massimo Sarti အား ယနေ့ ညနေ ၅ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေးဦးစီးဌာန ဝန်ကြီးရုံး (ရန်ကုန် ရုံးခွဲ) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Mar 10, 2024
ဆီထွက်သီးနှံများ တိုးမြှင့်ထုတ်လုပ်ရေးအတွက် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံများကို ဇုန်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။
Mar 10, 2024
အကြိမ် (၃၀) မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကို လာအိုနိုင်ငံ လွန်ပရာဘန်မြို့၌ မတ် ၈ ရက်မှ ၉ ရက်အထိ ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။
Mar 10, 2024
အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ ဆဋ္ဌအစည်းအဝေး ဒုတိယနေ့ကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူတော်ကြီး၌ ယနေ့နံနက် ၈ နာရီတွင် ကျင်းပသည်။
Mar 10, 2024
ဈေးကွက်စီးပွားရေးတွင် ဈေးနှုန်းယန္တရားများ တည်ငြိမ်စွာလည်ပတ်ရေးသည် အရေးပါသည်။ ဈေးနှုန်းသည် ကုန်စည်နှင့် ဝန်ဆောင်မှုလိုအပ်ချက်ကို အချက်ပြနေ ပြီး ဈေးနှုန်းတည်ငြိမ်အောင် ဆောင်ရွက်နိုင်ခြင်း၊ မဆောင်ရွက်နိုင်ခြင်းသည် ကုန်ပစ္စည်းဈေးနှုန်းတက်ခြင်း၊ ဈေးနှုန်းကျခြင်းကိုဖြစ်စေသည်။ ကုန်စည်လိုအပ်ချက် မြင့်မားနေပါက ဈေးနှုန်းမြင့်မားပြီး အမြတ်အစွန်းအတွက် ရလိုမှုများရှိလာသည်။ ဈေးနှုန်းမြင့်မားမှုသည် ငွေကြေးဖောင်းပွမှုကိုဖြစ်စေပြီး ငွေလဲနှုန်းမတည်ငြိမ်ခြင်း စသည့်ပြဿနာများကို ဖြစ်စေသည်။
Mar 10, 2024
နိုင်ငံတစ်နိုင်ငံ စီးပွားဖွံ့ဖြိုးရေး၊ ကြီးပွားချမ်းသာလာနိုင်ရေးအတွက် ရုပ်ဝတ္ထုပစ္စည်းများအပေါ် လူတို့၏ သဘောထားများ၊ အခွင့်အလမ်းဖန်တီးနိုင်မှုရှိသည့် အခြေအနေများနှင့် လူတို့၏ အားထုတ်မှုများကို လှုံ့ဆော်ပေးနိုင်သည့်အခြေအနေများ စသည့် အခြေခံလိုအပ်ချက်သုံးရပ်အပြင် လူတို့၏အလုပ်လုပ်လိုစိတ်နှင့် အလုပ်လုပ်နိုင်သည့်စွမ်းရည်တို့ လိုအပ်သည်ဟုဆိုသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် နိုင်ငံတည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်နေကြရာ အထက်ဖော်ပြပါ လိုအပ်ချက်များပြည့်စုံအောင် ဖန်တီးနိုင်သည့်နိုင်ငံများမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ကြီးပွားချမ်းသာမှုတို့ကို ရရှိနိုင်ကြသည်။
Mar 09, 2024
ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME အရောင်းပြခန်းများတွင် ခင်းကျင်းပြသရောင်းချခဲ့သည့် ထုတ်ကုန်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 09, 2024
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေးအတွက် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုင်းစစ်ဌာနချုပ်များအလိုက် တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ စိတ်ပျော်ရွှင်ကြည်နူး ချမ်းမြေ့စေရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) မှ ဖျော်ဖြေရေးအဖွဲ့များက တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရှေ့တန်းစခန်းများနှင့် တပ်နယ်များအလိုက် နယ်မြေခံတပ်ရင်းဌာနချုပ်များသို့ အလှည့်ကျသွားရောက်၍ ကိုယ်ချင်းစာစိတ်အပြည့်အဝဖြင့် ဂုဏ်ပြုဖျော်ဖြေလျက်ရှိသည်။
Mar 09, 2024
စစ်မှုထမ်းရန် စုဆောင်းခံရမည့် အမျိုးသမီးများအနေဖြင့် အကြမ်းဖက်မှုများနှင့် ကြုံတွေ့ရနိုင်ကြောင်း နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂအပါအဝင် အမျိုးသမီးအဖွဲ့ရှစ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်ပြောဆိုထားကြောင်း ပြည်သူများစိုးရိမ်စေရန် တရားမဝင်ပြည်ဖျက်မီဒီယာများမှ မဟုတ်မမှန် သွေးထိုးလှုံ့ဆော်ဝါဒဖြန့်ဝေရေးသားလျက်ရှိသည်ကို တွေ့ရှိ ရပါသည်။