Mar 18, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီတွင် မန္တလေးနန်းမြို့ရိုး တောင်ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ ထင်ရှားပြာသာဒ် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
Mar 18, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများအားလုံး အလယ်တန်းဆင့် (Grade 9) ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို သင်ယူလေ့ကျင့်ခွင့်ရရှိနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ခရိုင် (၅၀) ခရိုင်ရှိ အခြေခံပညာအထက်တန်းကျောင်း (၅၁) ကျောင်းတွင် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါသည်။ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် ခရိုင် (၃၄) ခရိုင်၌ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (၃၄) ကျောင်း ထပ်မံဖွင့်လှစ်သွားမည် ဖြစ်ပါသည်။
Mar 18, 2024
ဒေသထွက်ကုန်ကြမ်းများကိုအသုံးပြုကာ တစ်ပိုင်တစ်နိုင်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSME)များကို အားပေးကူညီပြီး အလုပ်အကိုင်အခွင့်အလမ်းများကို အဓိကထား ဖန်တီးဖော်ဆောင်ပေးလျက်ရှိသည့် ကရင်ပြည်နယ် မြဝတီမြို့မှ“မမွန်မ” ဘလောက်အုတ်လုပ်ငန်းမှထုတ်လုပ်ဖြန့်ဖြူးနေမှုအခြေအနေကို ပြည်သူများသိရှိစေရန် ဘလောက်အုတ်လုပ်ငန်းရှင် မသင်းသင်းအိနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်-
Mar 18, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Mar 18, 2024
၁။ အကောက်ခွန်ဦးစီးဌာနသည် ရန်ကုန်ဧရိယာ၊ မြဝတီနယ်စပ်ဒေသ၊ မူဆယ်နယ်စပ်ဒေသနှင့် ချင်းရွှေဟော်နယ်စပ်ဒေသတို့တွင် မြန်မာအလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ်(Myanmar Automated Cargo Clearance System)ကို အသုံးပြုလျက်ရှိပြီး ယခုအခါ တိုးချဲ့ဒေသအဖြစ် တာချီလိတ်နယ်စပ်ဒေသတွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့မှစတင်၍ အသုံးပြုသွားမည်ဖြစ်ပါသည်။
Mar 18, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Mar 18, 2024
အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေသည့် PDF အဖွဲ့များအား တစ်ဖက်တစ်လမ်းမှ ထောက်ပံ့လှူဒါန်းစေရန်၊ လူငယ်လူရွယ်များ၏ မသိစိတ်များအတွင်း တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်နှင့် တော်လှန်လိုစိတ်တိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် NUG ၊ CRPH လက်အောက်ခံအကြမ်းဖက်အဖွဲ့အစည်းများက PDF Game Application များ တီထွင်ဖန်တီးအသုံးပြုလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည့်အတွက် PDF Game ဆော့ကစားခြင်းသည် အကြမ်းဖက်အဖွဲ့အား ထောက်ပံ့ခြင်းဖြစ်၍ ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပေးအပ်ပါသည်။
Mar 18, 2024
လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ကျား/မ(သို့မဟုတ်) မည်သူမည်ဝါဖြစ်သည်ဆိုသည့် အကြောင်းအရာတို့အပေါ်အခြေပြု၍ လူပုဂ္ဂိုလ်တစ်ဦး(သို့မဟုတ်) လူအုပ်စုတစ်စုကို မျှတမှုမရှိစွာ ဝေဖန်သည့်(သို့မဟုတ်) မလိုမုန်းထားမှုကိုဖော်ပြသည့် ဆက်ဆံမှုတစ်မျိုးမျိုးကို ရည်ညွှန်းပြီး အကြမ်းဖက်ရန် လှုံ့ဆော်ခြင်းသည် အမုန်းစကားပင်ဖြစ်သည်။
Mar 18, 2024
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ကျေးရွာအုပ်စု ကိုးအုပ်စုရှိ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းကိုးသင်းမှ နေကြာစိုက်ပျိုး သည့် အသင်းသား ၂၁၅ ဦး၏ နေကြာစိုက်ဧက ၁၉၅ ဧကအတွက် တစ်ဧကလျှင်ငွေကျပ် ၁ ဒသမ ၃၉ သိန်းနှုန်းဖြင့် ပံ့ပိုးငွေကျပ် ၂၇၁ ဒသမ ၀၅ သိန်း၊ ပဲတီစိမ်းစိုက်ပျိုးသည့် အသင်းသား ၁၄၃ ဦး၏ ပဲတီစိမ်း စိုက်ဧက ၂၂၈ ဧကအတွက် တစ်ဧကလျှင် ပံ့ပိုးငွေကျပ် ၁ ဒသမ ၂ သိန်းနှုန်းဖြင့် ငွေကျပ် ၂၇၃ ဒသမ ၆ သိန်း စုစုပေါင်းစိုက်ပျိုးမြေ ၄၂၃ ဧကအတွက် ပံ့ပိုးငွေကျပ် ၅၄၄ ဒသမ ၆၅ သိန်းအား စတုတ္ထအကြိမ် အရင်းမပျောက်မတည်ရန်ပုံငွေအဖြစ် မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာ အသင်းအမှုဆောင်အဖွဲ့များသို့ ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။
Mar 18, 2024
တနင်္သာရီတိုင်းဒေသကြီး၏ စိုက်ပျိုးရေးနှင့် ငါး၊ ပုစွန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး၊ ဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် ကော့သောင်းမြို့၌ ရောက်ရှိနေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းတွင် နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (မလိဝမ်း)နှင့် ခမောက်ကြီးမြို့ ယုဇနဆီအုန်းကုမ္ပဏီတို့၏ လုပ်ငန်းဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Mar 18, 2024
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
Mar 18, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၁၄ ရက်တွင် မြစ်ငယ် - ထုံးဘိုတိုးဂိတ်အနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် FUDO လျှပ်စစ်ဒယ်နီအိုး ၁၁၂၆ လုံး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၈၁၂၀၀၀ နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Cantrer Truck တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၀၀၀၀၀ ကို လည်းကောင်း၊ မတ် ၁၅ ရက်တွင် မြစ်ငယ် - ထုံးဘို တိုးဂိတ်အနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် OSAKA လက်ကိုင်မီးအိမ် အလုံး ၄၅၀ အပါအဝင် ကုန်ပစ္စည်းသုံးမျိုး ခန့်မှန်တန်ဖိုးငွေကျပ် ၉၁၆၀၀၀၀ နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Light Truck တစ်စီး ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၉၇၂၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Mar 18, 2024
ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝများတိုးတက်စေရန် လူတိုင်းသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်စေရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အထူးကုဘာသာရပ်ဆိုင်ရာ ကုသမှုများကို ပြည်သူများ လက်လှမ်းမီရရှိနိုင်ရေးအတွက် ရန်ကုန်/ မန္တလေး/ နေပြည်တော်မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးသို့ ကွင်းဆင်းကုသမှုအစီ အစဉ်များ ဆောင်ရွက်လျက်ရှိသည်။
Mar 18, 2024
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်အတွင်းရှိ အလုံသဘာဝဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံသို့ ရောက်ရှိရာ တာဝန်ခံများနှင့် တာဝန်ရှိသူများက ပစ္စည်းများ ထိန်းသိမ်းထားသိုမှု/ ထုတ်ပေးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
Mar 18, 2024
(၂၈)ကြိမ်မြောက် တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးခန်းမ၌ကျင်းပရာ သုတေသီများ၊ ပညာရှင်များ၊ ဇေယျာသီရိနှင့် ဥတ္တရသီရိမြို့နယ်များမှ တောင်သူများတက်ရောက်၍ လယ်ယာထွက်ကုန်သီးနှံများ၏ စျေးကွက်အလားအလာများကို ဆွေးနွေးကြသည်။
Mar 18, 2024
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Mar 18, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင် ဇေယျသည် မတ် ၁၃ ရက် မွန်းလွဲပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) သို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ၏ သုတေသနအဆိုပြုလွှာများ ရှင်းလင်းတင်ပြမှုကို ကြည့်ရှုအားပေးကာ နိုင်ငံ့ရေရှည်အကျိုးစီးပွားဖော်ဆောင်နိုင်မည့် သုတေသနများကို ဆောင်ရွက်ရန်နှင့် ပြည်သူ့အကျိုးသယ်ပိုးနိုင်သော လူငယ်များဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။
Mar 18, 2024
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဥဿာမြို့သစ် ပဲခူးတက္ကသိုလ်အနီး၌ တည်ထားပူဇော်သည့် နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိသော ရှေးမင်းများအဆက်ဆက်၊ သူတော်ကောင်းများအဆက်ဆက် တည်ထားကိုးကွယ်တော်မူခဲ့သည့် ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ် နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို သာသနာတော်နှစ် ၂၅၆၇ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသအမှူးပြုသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
Mar 18, 2024
လက်ရှိကာလတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအာဏာတည်ပြီး ဥပဒေပါကနဦး ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ပြည်သူများကြားတွင် စိုးရိမ်ပူပန်မှုဖြစ်အောင်၊ အခြေအနေပျက်၊ အလုပ်အကိုင်ပျက်ဖြစ်အောင် သတင်းတု၊ သတင်းမှားများ၊ အခြေအမြစ်မရှိသော သတင်းစကားများ၊ အဖျက်အမှောင့်ပြုလုပ်သူများ၏ သွေးထိုးလှုံ့ဆော်မှုများကို ကြားသိနေရသည်။
Mar 18, 2024
အမျိုးသားရေးမျှော်မှန်းချက် နှစ်ရပ်ဖြစ်သည့် (၁) တိုင်းပြည်သာယာဝပြောရေးနှင့် (၂) စားရေရိက္ခာဖူလုံရေးတို့ကို ဖော်ဆောင်ပေးနိုင်ရန်မှာ မိမိတို့နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍကို အောင်မြင်အောင် စီမံဆောင်ရွက်နိုင်ရန်လိုသည်။ ပြည်တွင်းစားရေရိက္ခာထုတ်လုပ်မှု တိုးတက်ကောင်းမွန်သည်နှင့်အမျှ နိုင်ငံသူနိုင်ငံသားတို့၏ ဝင်ငွေတိုးတက်ဖြစ်ပေါ်လာကာ တိုင်းပြည်သာယာဝပြောလာမှာ ဖြစ်သည်။