နေပြည်တော် စက်တင်ဘာ ၁၇
ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဥက္ကဋ္ဌ H.E. Mr.Nakharin Mektrairat ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် “The Constitutional Courts and Equivalent Insti-tutions in Strengthening Con-stitutional Justice for Sust-ainable Society” ခေါင်းစဉ်ဖြင့် ကျင်းပမည့် အာရှဒေသဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများ အသင်း (Association of Asian Constitutional Courts and Equivalent Institutions- AACC) ၏ (၆) ကြိမ်မြောက် ညီလာခံနှင့် ဘုတ်အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးသို့ တက်ရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
အဖွဲ့ဝင်သုံးဦးလိုက်ပါ
အဆိုပါ (၆) ကြိမ်မြောက် ညီလာခံနှင့် ဘုတ်အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်အတူ အဖွဲ့ဝင်သုံးဦးတို့ လိုက်ပါသွားကြောင်း သတင်းရရှိသည်။
သတင်းစဉ်