Skip to main content

နေပြည်တော်ကောင်စီနယ်မြေနှင့် တပ်ကုန်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများသို့ သင်္ကန်းဒွိစုံ ၆၀၀၊ ရဟန်းအသုံးအဆောင်ပစ္စည်းများနှင့် အလှူငွေကျပ်သိန်း ၁၀၀ ပေးအပ်လှူဒါန်း

ရန်ကုန် စက်တင်ဘာ  ၁၇

တိုင်ဖွန်းမုန်တိုင်း ရာဂီ၏ အရှိန်ကြောင့် ရေဘေးဒဏ်ခံခဲ့ရသော နေပြည်တော်ကောင်စီနယ်မြေနှင့် တပ်ကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ သင်္ကန်းဒွိစုံ ၆၀၀၊ သင်္ကန်းခြင်း ၃၁ ခြင်းအပါအဝင် ရဟန်းအသုံးအဆောင်ပစ္စည်းများနှင့် အလှူငွေကျပ်သိန်း ၁၀၀ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် အလယ်ရွှေဂုံတိုင်ရပ်ကွက် ရွှေမင်းဝံသာသနာ့ရိပ်သာ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရွှေမင်းဝံသာသနာ့ရိပ်သာ ပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာဘဒ္ဒန္တသောဘန အရှင်သူမြတ်က လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းမိန့်ကြားပြီး ဒေါက်တာဘဒ္ဒန္တသောဘန၏ သက်တော် ၇၇ နှစ်ပြည့်မွေးနေ့အကြို ဝိဇာတမင်္ဂလာကုသိုလ်အလှူတော်အဖြစ် ရေဘေးဒဏ်ခံခဲ့ရသော ဘုန်းတော်ကြီးကျောင်းများသို့ သင်္ကန်းဒွိစုံ ၆၀၀ ၊ သင်္ကန်းခြင်း ၃၁ ခြင်းအပါအဝင် ရဟန်းအသုံးအဆောင်ပစ္စည်းများနှင့် အလှူငွေကျပ်သိန်း ၁၀၀ ကိုဆရာ တော်ကြီးကိုယ်စား အကျိုးတော်ဆောင်အဖွဲ့က ပေးအပ်လှူဒါန်းရာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဦးဇော်ဇော်ဦးက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်