Skip to main content

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့သော ရာဂီမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသော ဒေသများအတွက် အလှူရှင်များက အလှူငွေများ လာရောက်လှူဒါန်း

နေပြည်တော် စက်တင်ဘာ ၁၇

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့သော ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသော ဒေသများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

အခမ်းအနားတွင် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများက ဝန်ထမ်းမိသားစုများကိုယ်စား ငွေကျပ် သိန်း ၅၀၊ Automotive Asso-ciation of Myanmar မှ ငွေကျပ် သိန်း ၃၀၀၊ ရန်ကုန်စက်မှုတက္ကသိုလ် (၁၉၈၄) ခုနှစ် မြို့ပြကျောင်းသား ကျောင်းသူဟောင်းများမှ ငွေကျပ် ၁၁၅ သိန်း စုစုပေါင်းငွေကျပ် ၄၆၅ သိန်း ပေးအပ်လှူဒါန်းကြသည်။

ထို့အတူ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး(ငြိမ်း)နှင့် ဇနီး ဒေါ်မြမြစန်းမိသားစုမှ ပျဉ်းမနားမြို့ နံတော်စဉ်ဘုန်းတော်ကြီးကျောင်းရှိ ရေဘေးသင့်ပြည်သူ ၇၀၊ မြို့ဦးဓမ္မာရုံရှိ ရေဘေးသင့်ပြည်သူ ၁၅၂ ဦး၊ မြို့လယ်ဓမ္မာရုံရှိ ရေဘေးသင့်ပြည်သူ ၇၈ ဦး စုစုပေါင်း ၃၀၀ တို့အတွက် နေ့လယ်စာ ထမင်းဘူး ၃၀၀ ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှတစ်ဆင့် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်