ရန်ကုန် စက်တင်ဘာ ၁၇
The ASEAN Coordinating Centre for Humanitarian Ass-istance on Disaster Manage-ment (AHA Centre) မှ ရေဘေးသင့်ဒေသများအတွက် လှူဒါန်းသည့် ကယ်ဆယ်ရေးပစ္စည်းများသည် ထိုင်းနိုင်ငံ Disaster Emer-gency Logistics System for ASEAN (DELSA) Warehouse မှတစ်ဆင့် မြန်မာအမျိုးသားလေကြောင်းလိုင်း MNA UB-2020 လေယာဉ်ဖြင့် ယနေ့နံနက် ၁ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။
ထိုသို့ ရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများက စစ်ဆေးလက်ခံခဲ့ပြီး အဆိုပါကယ်ဆယ်ရေးပစ္စည်းများတွင် မိသားစုသုံးပစ္စည်း၊ တစ်ကိုယ်ရေသုံးပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်း၊ Shelter ပြုပြင်ရေးသုံးပစ္စည်းများ၊ မိသားစုတဲ၊ ရေပုံး၊ တာပေါ်လင်၊ ခြင်ထောင်နှင့် ရေသန့်စက်စသည့်အမျိုးအစား ၁၁ မျိုး ပါဝင်သော ကယ်ဆယ်ရေးပစ္စည်း ၅၅၆၀ ကီလိုဂရမ်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ထိုသို့ AHA Centre မှ မြန်မာ နိုင်ငံသို့ ပို့ဆောင်လှူဒါန်းသော ကယ်ဆယ်ရေးပစ္စည်းများကို ရေဘေးဒဏ်သင့်ဒေသများသို့ ဆက်လက်ဖြန့်ခွဲ ပို့ဆောင်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်