Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ မြန်မာနိုင်ငံ ကောင်စစ်ဝန်ရုံးဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၁၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပမည့် သတ္တမအကြိမ် ကမ္ဘာလုံးဆိုင်ရာ ငါးလုပ်ငန်းဖိုရမ်နှင့် ရေထွက်ကုန်စည်ပြပွဲ (VII Global Fishery Forum & Seafood Expo Russia) တက်ရောက်ရန် စိန့်ပီတာစဘတ်မြို့၌ ရောက်ရှိနေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၆ ရက်က စိန့်ပီတာစဘတ်မြို့ရှိ မြန်မာနိုင်ငံကောင်စစ်ဝန်ရုံး အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံအားပေးစကားပြောကြားသည်။

ကျေပွန်စွာထမ်းဆောင်

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နိုင်ငံတော်၏ လက်ရှိဖြစ်ပေါ် တိုးတက်မှုအခြေအနေများ၊ ဝန်ထမ်းများ ယုံကြည်ချက်၊ ခံယူချက်မှန်ကန်ရေး စိတ်ဓာတ် စည်းကမ်း ကောင်းမွန်ရေးနှင့် နိုင်ငံတော်မှပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီး နိုင်ငံ့ဂုဏ်၊ အမျိုးဂုဏ်စောင့်ထိန်းကြစေရေး ရှင်းလင်းပြောကြားပြီး ရုံးအတွင်း လှည့်လည်ကြည့်ရှုကာ သံရုံးဝန်ထမ်းများနှင့် မိသားစုများအတွက် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်