Skip to main content

Jun 06, 2024

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန အားကစားနည်းပြ မွမ်းမံသင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 06, 2024

လျှပ်စစ်သုံးယာဉ် ဆရာဖြစ်သင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ဇွန် ၃ ရက် နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ၌ ကျင်းပရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့်နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 06, 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မြို့နယ်များသို့ မျိုးစေ့ချကိရိယာ (Seeder) များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် လယ်ဝေးမြို့နယ် သီရိမင်္ဂလာခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သီးနှံစိုက်ပျိုးတောင်သူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 06, 2024

ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်လျက်ရှိရာ ရွှေဆိုင်များအနေဖြင့် နေ့စဉ်ရွှေဆိုင်များကို ဖွင့်လှစ်ခြင်း၊ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်းများ ဆောင်ရွက်ပေးရန် အသိပေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA ) က ဇွန် ၅ ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 06, 2024

မိန်းကလေးများကို တရုတ်ဇနီးမယားအဖြစ် ရောင်းစားခြင်းနှင့် ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေပြီးရရှိသော အကျိုးအမြတ်ကို ခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 06, 2024

တနင်္သာရီတိုင်း ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက် မူလတန်းကျောင်းတွင် (၄ - ၆-၂၀၂၄) ရက် ၁၂:၃၀ နေ့လယ်ထမင်းစားချိန်တွင် အကြမ်းဖက်သောင်းကျန်းသူများမှ ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် (၁) ဦး သေဆုံးပြီး ကလေးငယ် (၂၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ အေးချမ်းစွာ ပညာသင်ကြားနေသော လူမမည်ကျောင်းသား ကလေးငယ်များအား လူမဆန်စွာ တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်နှင့် အကြမ်းဖက်အဖွဲ့များအား ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ကြေညာအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 06, 2024

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ နိုင်ငံတော်၏ ပို့ကုန်လျာထားချက်များ ပြည့်မီကျော်လွန်စေရေးအတွက် ပို့ကုန်ပစ္စည်းတစ်မယ်ချင်းကို ဘဏ္ဍာရေးနှစ်အတွင်း လအလိုက် လျာထားသတ်မှတ်၍ ဆောင်ရွက်လျက်ရှိရာ ပြောင်းစေ့တင်ပို့ခြင်းကို ယခုဘဏ္ဍာရေးနှစ်၏ ပထမသုံးလပတ်ဖြစ်သော ဧပြီ၊ မေ၊ ဇွန်လလျာထားချက်မှာ တန်ချိန် ၃ ဒသမ ၈ သိန်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 06, 2024

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အခြေခံပညာစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 06, 2024

နိုင်ငံတော်ဘဏ္ဍာငွေ အသုံးပြု၍ ဆောင်ရွက်ရသည့် စာအုပ်စာစောင်များ ပုံနှိပ်ခြင်းကို အစိုးရပိုင်ပုံနှိပ်စက်များတွင် စနစ်တကျ အပ်နှံလုပ်ဆောင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 06, 2024

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရှိ မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိပြီးသူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူကာ ဂဏန်း ၁၀ လုံးပါ (Unique ID) နံပါတ်ထုတ်ပေးနေမှုကို ကြည့်ရှုကာ လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 06, 2024

ခရီးစဉ်ဒေသများတွင် One Tourist One Tree အစီအစဉ်အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် စံပြကျေးရွာများတွင် လူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism – CBT) များကို ပေါင်းစပ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 06, 2024

၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 06, 2024

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများအား ချေးငွေသက်တမ်း ၁ နှစ် (အတိုးနှုန်း ၁ %) ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစတင်၍ ချေးငွေများ ထုတ်ချေးခဲ့ပါသည်။ ချေးငွေသက်တမ်း ၁ နှစ် ပြည့်မြောက်ခဲ့ပြီးနောက် ပထမအကြိမ် ၆ လ၊ ဒုတိယအကြိမ် ၆ လ နှင့် တတိယအကြိမ် ၁ နှစ်နှင့် စုစုပေါင်း ၃ နှစ်အထိ ချေးငွေသက်တမ်းများ တိုးမြှင့်ဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 06, 2024

ပညာရေးဝန်ကြီးဌာန ၂၀၂၄-၂၀၂၅ ပညာသင်နှစ်

ဆက်လက်ဖတ်ရှုရန်

Jun 06, 2024

ယခုအခါ မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ သစ်ပင်သစ်တောများ စိမ်းလန်းစိုပြည်ရှင်သန်ဖွံ့ဖြိုးသော အချိန်အခါကာလဖြစ်သည်။ ထိုကာလတွင် သစ်ပင်များကို ရှင်သန်ဖွံ့ဖြိုးလာအောင် စိုက်ပျိုးပြုစုပျိုးထောင်ကြခြင်းဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပရေးကို ဖန်တီးကြရမည်ဖြစ်သည်။ တစ်နိုင်ငံလုံးဝိုင်းဝန်း၍ အမျိုးသားရေးအသွင်ဖြင့် သစ်ပင်ပျိုးပင်များ ပြုစုပျိုးထောင်စိုက်ပျိုးကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 06, 2024

Knowledge is Power - အသိသုတသည် တန်ခိုးစွမ်းအင်ဟူသော အဆိုရှိသည်။ ၁၆ ရာစုအတွင်း မွေးဖွားခဲ့သည့် အင်္ဂလိပ်စာရေးဆရာကြီး ဖရန်စစ်ဘေကွန်၏ အဆိုဖြစ်ပြီး အစဉ်အလာအားဖြင့် ပြောကြားသည့် ဆိုရိုးစကားသဖွယ်လည်းဖြစ်နေသည်။ အနက်အဓိပ္ပာယ်အားဖြင့် အသိသုတရှိမှ တန်ခိုးစွမ်းအင်ရှိမည်။ အသိသုတကင်းမဲ့ပါက တန်ခိုးစွမ်းအင်လည်း ကင်းမဲ့မည်ဟု ချဲ့ထွင်တွေးဆယူနိုင်သည်။ ထိုမှဆက်၍ လူတိုင်းလူတိုင်း အသိသုတအမျိုးမျိုးတို့ ပြည့်စုံစေရန် ရှာဖွေစုဆောင်းဖြည့်ဆည်းကြရမည်ဟူ၍ ကောက်ချက်ဆွဲရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2024

၁။ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၉) လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် ဖန်စီလက်ဝတ်ရတနာ (၁၁၀) ကီလိုဂရမ်၊ ခေါင်းဖြီးဘီးမျိုးစုံ (၂၀၈၆) ကီလိုဂရမ်နှင့် တရုတ်နိုင်ငံထုတ် GI Hollow Pipe (၁၈၉၆၀) ကီလိုဂရမ်အပါအဝင် ကုန်ပစ္စည်း (၅) မျိုးစုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂,၇၀၂,၄၈၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2024

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များအား ဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးထားပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ကြပ်မတ်ကွပ်ကဲလျက်ရှိပါသည်။ ဘဏ်များကလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်နှင့်အညီ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဖြစ်သော စုဆောင်းအပ်နှံငွေအမျိုးမျိုး လက်ခံပြီး၊ နိုင်ငံတော်၏စီးပွားရေးအတွက် အရေးကြီးကဏ္ဍများကို ချေးငွေအမျိုးမျိုး ထုတ်ချေးခြင်း၊ ဒစ်ဂျစ်တယ်နည်းလမ်းများဖြင့် ငွေကြေးဝန်ဆောင်မှုများ ဆောင်ရွက်ခြင်း၊ ကုန်သွယ်ရေးကဏ္ဍအတွက် ငွေကြေးထောက်ပံ့ခြင်း၊ MSMEs လုပ်ငန်းများကို ငွေကြေးထောက်ပံ့ခြင်း၊ နိုင်ငံတကာဘဏ်များနှင့် ငွေပေးချေမှုများဆောင်ရွက်ခြင်းစသည့် ဘဏ်ဝန်ဆောင်မှုများစွာ ပံ့ပိုးပေးလျက်ရှိကြောင်းကို ပြည်သူများ စိုးရိမ်မှုမရှိစေရန် မကြာခဏ ထုတ်ပြန်ပေးနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2024

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင်မြို့နယ်ရှိ ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များအား လက်နက်တပ်ဆင်အပ်နှင်းခြင်းနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့၊ နယ်မြေခံသင်တန်းကျောင်းရှိ မင်းရဲကျော်စွာအားကစားခန်းမ၌ ပြုလုပ်ရာ ပြင်ဦးလွင်တပ်နယ် တပ်နယ်မှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2024

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ရှမ်းမြောင်းကျေးရွာအနီးတွင် လူငယ် ၃ ဦးကို  လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန်လ ၄ ရက်နေ့တွင် သတ်ဖြတ်ခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် စွပ်စွဲရေးသားပြီး ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်