Skip to main content

Jun 05, 2024

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာနှစ်တွင် ပုံနှိပ်မင်၊ ပလိတ်နှင့် ပုံနှိပ်လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်းများဝယ်ယူရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပ ပစ္စည်းများဝယ်ယူရေးနှင့်ထုခွဲ ရောင်းချရေးကော်မတီက ၂၉ - ၅ - ၂၀၂၄ ရက်နေ့တွင် ဈေးနှုန်းစိစစ်ရေးအစည်းအဝေးကျင်းပခဲ့ပြီး ဌာနမှလိုအပ်သည့် စံချိန်စံညွှန်းကိုက်ညီပြီး ဈေးအနည်းဆုံး တင်ဒါတင်သွင်းသည့် အောက်ဖော်ပြပါ ကုမ္ပဏီများမှ တင်ဒါအောင်မြင်ခဲ့ပါသည်

ဆက်လက်ဖတ်ရှုရန်

Jun 05, 2024

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် လိုအပ်သည့် စက်အရန်ပစ္စည်းများနှင့် ရုံးလုပ်ငန်းသုံး ပစ္စည်းများဝယ်ယူရန် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပ ပစ္စည်းများဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီက၂၉ - ၅ -၂၀၂၄ ရက်နေ့တွင် ဈေးနှုန်းစိစစ်ရေးအစည်းအဝေးကျင်းပခဲ့ပြီး ဌာနမှလိုအပ်သည့် စံချိန်စံညွှန်းကိုက်ညီပြီး ဈေးအနည်းဆုံး တင်ဒါတင်သွင်းသည့် အောက်ဖော်ပြပါ ကုမ္ပဏီများမှ တင်ဒါအောင်မြင်ခဲ့ပါသည် -

ဆက်လက်ဖတ်ရှုရန်

Jun 05, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2024

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌တွေ့ဆုံပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Myanmar Rice Online-MyRo အစီအစဉ်နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်စက်မှုဇုန်ရှိ Dekhina Meat Co.,Ltd ၏ အသားခြောက် ထုတ်လုပ်ရေးစက်ရုံ၌ ပြည်ပတင်ပို့ရန်တန်ဖိုးမြင့် အေးခဲသားထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဈေးကွက်နှင့် ကိုက်ညီသော အရည်အသွေးပြည့် ထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်ရန်၊ အစားအစာဘေးကင်းလုံခြုံရေးအတွက် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ လိုက်နာကျင့်သုံးရန်၊ ခိုင်မာသော ဈေးကွက်ဖော်ဆောင်နိုင်ရန်၊ ဈေးကွက်လိုအပ်ချက်ရှိသော တန်ဖိုးမြင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးနှင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2024

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် Snack & Bakery နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂ ရက် နံနက်ပိုင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2024

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်ပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးကာ ကျောင်းနေ အရွယ်ကလေးအားလုံး ကျောင်းတက်ရေးအတွက် ဆရာ ဆရာမများ၊ မိဘပြည်သူများ၊ ရပ်မိရပ်ဖများ၊ တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းစည်းရုံးဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2024

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေမှုနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2024

AA အကြမ်းဖက်သောင်းကျန်းသူများအနေနဲ့ စစ်တွေမြို့နယ်ဗျိုင်းဖြူကျေးရွာ ကိစ္စနဲ့ပတ်သက်ပြီး မဟုတ်မမှန်သတင်းတွေ ထုတ်လွှင့်နေတာကိုတွေ့ရပါတယ်။ ဒီ စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာရဲ့ မြောက်ဘက်မှာရှိနေတဲ့ ကံပြင်ရွာဟောင်း၊ ကံပြင်ရွာသစ်ပေါ့၊ ဗျိုင်းဖြူကျေးရွာဟာလည်း စစ်တွေမြို့နယ်ရဲ့မြောက်ဘက်မှာပဲရှိတာပါပဲ။ ဒီရွာတွေကနေပြီးတော့ AA အကြမ်းဖက်သောင်းကျန်းသူတွေ ခိုအောင်းပြီးတော့စစ်တွေမြို့ထဲကို Drone တွေနဲ့ Drop Bomb လာချတာတွေ၊ အဝေးကနေလက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာတွေကို ယခင်ထဲကတိုင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဗျိုင်းဖြူကျေးရွာ၊ ခုနကပြောတဲ့ကံပြင်ရွာဟောင်း၊ ကံပြင်ရွာသစ်မှာ AA အကြမ်းဖက်သောင်းကျန်းသူတွေ ရောက်ရှိနေတယ်ဆိုတဲ့ဒေသခံတွေရဲ့ မြေပြင်သတင်းပေးချက်အရ တပ်မတော်အနေနဲ့ မေလ ၂၉ ရက်နေ့မှာ ဗျိုင်ဖြူကျေးရွာမှာ ဝင်ရောက်နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့တယ်။ နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့တဲ့နေရာမှာ ရွာထဲဝင်သွားတုန်းကတော့ အေးအေးဆေးဆေးပါပဲ၊ ရွာထဲမှာ ရောက်တဲ့အခါမှာ ရွာသားမဟုတ်တဲ့ မသင်္ကာတဲ့လူတွေကို ခေါ်ယူမေးမြန်းနေတယ်၊ ခေါ်ယူမေးမြန်းနေတဲ့ အချိန်မှာပဲ ဗျိုင်းဖြူရွာသား မဟုတ်တဲ့ရွာသားသုံးဦးပေါ့၊ ဗျိုင်းဖြူရွာသားမဟုတ်တာတော့ သေချာတယ်၊ အဲဒီလူသုံးယောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့သေနတ်ကို လုယူပြီးရန်ပြုဖို့ကြိုးစားတယ်။ ဒါကြောင့်မို့လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ပစ်ခတ်ခဲ့ရတယ်။ ပစ်ခတ်ခဲ့တဲ့နေရာမှာ ခုနကသေနတ်လုယူတဲ့ အမျိုးသားသုံးဦးသေဆုံးခဲ့တာရှိတယ်။ အဲဒီအထဲမှာ မသင်္ကာတဲ့သူလူ ၂၀ လောက်ကို ခေါ်ယူထိန်းသိမ်းပြီးတော့မှ စစ်ဆေးလျက်ရှိတယ်။ အဲဒီအထဲမှာ ပါတဲ့ AA ရဲ့ ယုတ်မာကောက်ကျစ်ပြီး ဝါဒဖြန့်မှုဖြစ်တဲ့ လူ ၄၀ လောက် သေဆုံးတယ်တို့၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်သွားတယ်ဆိုတဲ့ ကိစ္စမျိုးဖြစ်ပျက်ခဲ့ခြင်း မရှိပါဘူး။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2024

စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်(၁/၂၀၂၄) ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇွန် ၁ ရက် မွန်းလွဲပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)၌ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဒေသတွင်းရှိ သီလဝါအထူးစီးပွားရေးဇုန်နှင့် MSME ဖွံ့ဖြိုးရေးအတွက် နည်းပညာရှင်များကို သတ်မှတ်စံနှုန်းများအတိုင်း မွေးထုတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်ရန်နှင့် ပြည်သူများဘဝရပ်တည်မှုခိုင်မာစေရေးအတွက် လက်တွေ့ကျသည့် သက်မွေးနည်းပညာ သင်တန်းများဖွင့်လှစ်သင်ကြားပေးရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြား၍ ဝန်ထမ်းများ၏ အခက်အခဲတင်ပြမှုများအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး စာကြည့်တိုက်၊ စာသင်ခန်းများ၊ လက်တွေ့ခန်းများနှင့် အလုပ်ရုံများ၊ ကျောင်းသန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အလှူရှင်အသီးသီးက လှူဒါန်းသည့် ပိဋကတ်သုံးပုံပါဠိတော် (မြန်မာ၊ ရိုမန်) အက္ခရာ နှစ်မျိုးဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံပါဠိတော်ကျမ်းစာအုပ်များကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်သည် မန္တလေးတိုင်းဒေသကြီးအတွင်း မဟာအောင်မြေ ခရိုင်၊ မဟာအောင်မြေမြို့နယ်ရှိ ပရိယတ္တိစာသင် တိုက်ကြီးများသို့ ယနေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2024

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ ပို့ကုန်လျာထားချက် ပြည့်မီကျော်လွန်စေရေးအတွက် အဓိကပို့ကုန်များဖြစ်သည့် ဆန်/ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ ရော်ဘာ၊ ရေထွက်ပစ္စည်းများကို တင်ပို့သည့် ကုမ္ပဏီအလိုက် ဆောင်ရွက်နိုင်သည့် အခြေအနေအပေါ် သက်ဆိုင်ရာအသင်း အဖွဲ့များနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ လအလိုက်လျာထားသတ်မှတ်ပြီး လျာထားသတ်မှတ်ချက်အတိုင်း တင်ပို့နိုင်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း အစရှိသည့် အသင်းအဖွဲ့များနှင့်ညှိနှိုင်း၍ ပို့ကုန်တင်ပို့ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကိုလည်း ကူညီဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2024

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2024

အိုမန်နိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီးဦးတင်ယုသည် ၎င်း၏ခန့်အပ်လွှာကို ဇွန် ၃ ရက်တွင် အိုမန်နိုင်ငံ၊ မက်စကတ်မြို့၊ အယ်လ်အလန်းမ်နန်းတော်၌ ဘုရင်မင်းမြတ် ဟိုင်သမ်ဘင်တာရစ်ထံသို့ ပေးအပ်ခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2024

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများအားလုံးသာမက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများပါ စတင်ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်သည်။ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည့်နေ့တွင် နိုင်ငံတစ်ဝန်းရှိ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၆၅၃၆၇၁၃ ဦး ပညာသင်ကြား ဆည်းပူးလေ့လာနေကြပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2024

​​​​​​​ပြီးခဲ့သည့် မတ်၊ ဧပြီ၊ မေ နွေလများအတွင်း အပူချိန်မြင့်တက်မှုဒဏ်ကို မိမိတို့ နိုင်ငံသူနိုင်ငံသားများ သိသိသာသာ ခံစားခဲ့ကြရသည်။ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းခြောက်သွေ့ရပ်ဝန်းမှ အချို့မြို့များ၏ နွေရာသီအမြင့်ဆုံးအပူချိန်သည် ကမ္ဘာ့အပူဆုံးမြို့ များ၌ပင် စာရင်းဝင်ခဲ့သည်အထိ ဖြစ်ခဲ့သည်။ ကမ္ဘာ့အပူချိန် မြင့်တက်လာခြင်း၊ ယင်း၏အကျိုးဆက်အဖြစ် ရာသီဥတုများ ပြောင်းလဲလာခြင်းတို့သည် ရာစုနှစ်နှင့်ချီ၍ လူသားတို့ ပြုလုပ်ခဲ့ကြသည့် အပြုအမူများကြောင့် သဘာဝပတ်ဝန်းကျင်များ ထိခိုက်ပျက်စီးခဲ့ရခြင်းကို အကြောင်းရင်းခံ၍ ဖြစ်ပေါ်လာရခြင်းဖြစ်ရာ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ကြီး ပြန်လည်‌ကောင်းမွန်လာအောင် ထိန်းသိမ်းရန်မှာလည်း လူသားတစ်ရပ်လုံး၏ တာဝန် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2024

​​​​​​​၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် တရားမဝင်ဒီဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်းနှင့် နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်နေသူများကို တရားဝင်လိုင်စင်မရှိဘဲ ဆောင်ရွက်နေသည့်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၄-၅-၂၀၂၄ ရက်နေ့က အသိပေးကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီးနောက်တွင် အဆိုပါတားမြစ်ချက်ကို လိုက်နာခြင်းမရှိသူများကို ငွေစာရင်းများပိတ်သိမ်းခြင်း၊ တရားစွဲဆိုအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2024

​​​​​​​မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များအား ဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးထားပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ကြပ်မတ်ကွပ်ကဲလျက်ရှိပါသည်။ ဘဏ်များကလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်နှင့်အညီ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဖြစ်သော စုဆောင်းအပ်နှံငွေအမျိုးမျိုးလက်ခံပြီး၊ နိုင်ငံတော်၏ စီးပွားရေးအတွက် အရေးကြီးကဏ္ဍများကို ချေးငွေအမျိုးမျိုးထုတ်ချေးခြင်း၊ ဒစ်ဂျစ်တယ်နည်းလမ်းများဖြင့် ငွေကြေးဝန်ဆောင်မှုများ ဆောင်ရွက်ခြင်း၊ ကုန်သွယ်ရေးကဏ္ဍအတွက် ငွေကြေးထောက်ပံ့ခြင်း၊ MSMEs လုပ်ငန်းများကို ငွေကြေးထောက်ပံ့ခြင်း၊ နိုင်ငံတကာဘဏ်များနှင့် ငွေပေးချေမှုများဆောင်ရွက်ခြင်းစသည့် ဘဏ်ဝန်ဆောင်မှုများစွာ ပံ့ပိုးပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 04, 2024

ယနေ့မွန်းလွဲ ၁၂ နာရီခွဲချိန်တွင် ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းအတွင်း သိမ်ဆိပ်နှင့် ဒုံဝန်းကြား မိုင်တိုင်အမှတ်(၁၂၂/၁၄)၌ ရထားလမ်းပေါ်၌ ပလတ်စတစ်ပုံးနှင့်ထည့်၍ မြှုပ်ထားသော ဒေသန္တရ လက်လုပ်မိုင်းအား တာဝန်ကျဝန်ထမ်းတစ်ဦးက တွေ့ရှိသဖြင့် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ထံ သတင်းပို့ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်