Skip to main content

Sep 25, 2020

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၄ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။ အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

ဆက်လက်ဖတ်ရှုရန်

Sep 25, 2020

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်မဲပေးနိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးပို့လာသည့် ပုံစံ(၁၅)များကို သက်ဆိုင်ရာမြို့နယ်များက ဆန္ဒမဲပေးပိုင်ခွင့် ရှိ/မရှိစိစစ်ပြီး သက်ဆိုင်ရာမြန်မာသံရုံးများ၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများသို့ အချိန်မီပေးပို့နိုင်ရေး ဆောင် ရွက်လျက်ရှိရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၈၈ ဦးအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့်စာအိတ်များကို စက်တင်ဘာ ၁၈ ရက်တွင် ပထမအကြိမ်အဖြစ်လည်းကောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၀၄၂၆ ဦးအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် စာအိတ်များကို စက်တင်ဘာ ၂၃ ရက်တွင် ဒုတိယအကြိမ်အဖြစ်လည်းကောင်း လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2020

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနသည် မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်အထိ လေးနှစ်တာကာလအတွင်း အိမ်သုံးဆိုလာစနစ်၊ အသေးစားဓာတ်အားစနစ်များဖြင့် ကျေးလက်အိမ်ခြေ ၄၃၄၄၈၀၊ လူဦးရေ နှစ်သန်းကျော်ခန့် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လွှမ်းခြုံမှုရာခိုင်နှုန်းအနေဖြင့် မဟာဓာတ်အားလိုင်းပြင်ပဧရိယာ၏ ၃၂ ဒသမ ၇ ရာခိုင်နှုန်းခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2020

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိရပ်ကွက် အထွေထွေစီးပွားရေးသမဝါယမအသင်းရှိ အသင်းသား ၁၂၉ ဦးအတွက် အစု စုဆောင်းငွေ၊ ပံ့ပိုးချေးငွေနှင့် အသင်းပိုင်ငွေများအပါအဝင် ငွေကျပ် ၃၀၉ ဒသမ ၆၀ သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို မြို့နယ်သမဝါယမအသင်းစုမှ အသင်းသို့ပေးအပ်ခဲ့ပြီး အသင်းသားတစ်ဦးလျှင် ထုတ်ချေးငွေကျပ် ၂၄၀၀၀၀၊ စုဆောင်းငွေပေါ် အတိုးများကို အသင်းသားများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2020

နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားတိုးတက်စေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရာတွင် စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်အေးချမ်း သာယာရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေးအကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်း၊ ဥပဒေပါရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝမှန်မှန်ကန်ကန်ရရှိစေရေးတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2020

၂၀၂၀ ပြည့်နှစ်အတွင်း စင်ကာပူနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပမည့် (၉) ကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ (ဒေသတွင်းအဆင့်) 9th ASEAN Quiz-Regional Level ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ(နိုင်ငံအဆင့်) 9th ASEAN Quiz (National Level) ပြိုင်ပွဲရေးဖြေစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက online မှတစ်ဆင့် Google Classroom စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2020

ကုန်အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်းများ ကြိုတင်လက်ခံမည့် ကနဦးဖွင့်လှစ်ခြင်း (Soft Opening) အခမ်းအနားကို virtual စနစ်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2020

ယနေ့သတင်းများအရ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုး ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း ၈၃၄၄ ဦးရှိလာပါသည်။ ဆေးပညာရှင်များ၏ အဆိုအရ ဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားမှုက ဆက်လက်ရှိနေဦးမည်ဖြစ်ပြီး ပိုးတွေ့ လူနာသစ် အရေအတွက်သည်လည်း နေ့စဉ်တိုးလာနေဦးမည်ဟု ခန့်မှန်း ထားပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2020

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေသည် အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးဖြစ်ပွားနေဆဲ အဆင့်ရှိနေသေးသည်။ ရောဂါဖြစ်ပွားမှုနှုန်းကို အမြန်ဆုံးလျှော့ချနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် မတ်လကတည်းက ထုတ်ပြန် ကြေညာခဲ့သော စည်းမျဉ်း၊ စည်းကမ်းသတ်မှတ်ချက်များကို အလေးထား လိုက်နာဖို့လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 24, 2020

၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထား ခြင်းကြောင့် မလေးရှားနိုင်ငံ၊ ဆာရာဝပ်ပြည်နယ်၌ အခက်အခဲ ကြုံတွေ့ နေရသည့် မြန်မာအလုပ်သမား (၈၈) ဦးအား မြန်မာသံရုံး၊ ကွာလာလမ်ပူ မြို့နှင့် ၎င်းတို့၏ ကုမ္ပဏီများမှ ပူးပေါင်းစီစဉ်သည့် Air Asia လေကြောင်း လိုင်း ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၇ ၀၀) နာရီအချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်