Skip to main content

ကုန်အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်းများ ကြိုတင်လက်ခံမည့် ကနဦးဖွင့်လှစ်ခြင်း (Soft Opening) အခမ်းအနားကို Virtual စနစ်ဖြင့် ကျင်းပမည်

နေပြည်တော်၊ စက်တင်ဘာ ၂၄

ကုန်အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်းများ ကြိုတင်လက်ခံမည့် ကနဦးဖွင့်လှစ်ခြင်း (Soft Opening) အခမ်းအနားကို Virtual စနစ်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၈ ရက် ရက်စွဲပါ အမိန့်အမှတ် (၆၃/၂၀၂၀) အရ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်းများ ကြိုတင်လက်ခံခြင်းကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် ပထမအဆင့်အနေဖြင့် ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်နေသောလုပ်ငန်း၊ ကုမ္ပဏီနှင့်ဥပဒေအကျိုးဆောင်အဖွဲ့ (Law Firm) များမှတစ်ဆင့် အီလက်ထရောနစ်မှတ်ပုံတင်စနစ် (WIPO File) ဖြင့် လျှောက်ထားနိုင်မည်ဖြစ်ကာ ဒုတိယအဆင့် လျှောက်ထားနိုင်မည့် အချိန်ကာလအား ထပ်မံကြေညာသွားမည်ဖြစ်သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားကို IP Myanmar Facebook Page တွင် Live ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်