Skip to main content

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအတွင်း အလုပ်သမားရေးရာဆိုင်ရာ ဆောင်ရွက်ချက်များ

နေပြည်တော်၊ စက်တင်ဘာ ၂၄

နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားတိုးတက်စေရေးကို တစ်ဖက်တစ်လမ်းမှ  အထောက်အကူပြုရာတွင် စက်ရုံ၊ အလုပ်ရုံများ၏ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေး၊  စက်ရုံ၊  အလုပ်ရုံများရှိအလုပ်သမားများအား  လူမှုဖူလုံရေးအကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်း၊ ဥပဒေပါရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝမှန်မှန်ကန်ကန်ရရှိစေရေးတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက် ရှိသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ပုံစံဖြင့် ကျား  (၄၅၃၇) ဦး၊  မ  (၁၄၇၉၃) ဦးတို့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် စုစုပေါင်း (၁၉၃၃၀) ဦး ချုပ်ဆို ခဲ့သည်။ အလုပ်ရှင်/အလုပ်သမားအငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေပေးရန်အတွက် မြို့နယ်များတွင် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များကို ဖွဲ့စည်းထားရှိ ဆောင်ရွက်ခဲ့ရာ ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လအတွင်း လက်ခံရရှိမှု (၁၈၆) မှု တွင် အခြားဌာနသို့ လွှဲပြောင်းမှု (၃) မှု၊ ကျေအေးမှု (၂၆) မှု၊ ခုံသမာဓိအဖွဲ့သို့ လွှဲပြောင်းမှု (၂၄) မှု၊ ပိတ်သိမ်းမှု (၂၇) မှု၊ ငွေကြေးအကျိုးခံစားခွင့် (၆၅) မှုနှင့် လက်ကျန်အမှု (၄၁) မှုတို့ဖြစ်ပြီး ငွေကြေးအကျိုးခံစားခွင့်ရှိသူ (၄၇၄) ဦး အား ငွေကျပ်  ၂၄၇,၂၇၂,၁၃၄.၅၅  နှင့်  US$ 4306.28  ကို  ခံစားခွင့်ရရှိစေခဲ့သည်။

အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအနေဖြင့် အများပြည်သူအလုပ်ပိတ်ရက် အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကိုငွေကြေးဖြင့်ခံစားခွင့်ပေးခြင်း၊ လုပ်အားခကျန်ငွေမရရှိမှုများ၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် မီးဖွားခွင့်များယူရာတွင် ငွေကြေးခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေးခဲ့ရာ ငွေကြေးခံစားခွင့် ငွေကျပ်သိန်းပေါင်း ၈၁၀၀ ကျော်ကို  ခံစားခွင့်ပေးနိုင်ခဲ့သည်။

အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနအနေဖြင့်အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ရာ၌ ခုံသမာဓိအဖွဲ့တွင် (၅၂) မှု နှင့် ခုံသမာဓိကောင်စီတွင် (၂၃) မှုကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့သည်။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးဥပဒေတွင် အကျုံးဝင်သောစက်ရုံ၊  အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေးအကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်းများဆောင်ရွက်ရာတွင် ငွေ ကြေးအကျိုးခံစားခွင့်များထုတ်ပေးမှုအနေဖြင့် အာမခံအလုပ်သမားများအား ငွေကြေးအကျိုးခံစားခွင့်များအလိုက်  ငွေကျပ်သိန်းပေါင်း  ၄၅၀၀၀  ကျော်  အကျိုးခံစားခွင့်ပေးခဲ့ပြီး အာမခံအလုပ်သမား ၁၀၄၉ ဦးအတွက် ဆေးဖိုးကုန်ကျငွေကျပ်သိန်း ၁၀၀၀ ကျော် ပြန်လည်ထုတ်ပေးခဲ့သည်။

အာမခံအလုပ်သမားများအား ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအတွင်း အလုပ်သမားဆေးရုံကြီးများ၊ လူမှုဖူလုံရေးဆေးခန်းများနှင့် ဌာနကြီးဆေးခန်းများတွင်  ဆေးကုသပေးမှုအနေဖြင့် အလုပ်သမားဆေးရုံကြီး (၃) ရုံ (ပြင်ပလူနာ ၇၁၂၅ ဦး၊ အတွင်းလူနာ ၅၁၈ ဦး) ပေါင်း ၇၆၄၃ ဦး၊ လူမှုဖူလုံရေး ဆေးခန်း (၉၆)  ခန်း၊  တိုင်းရင်းဆေးခန်း (၁) ခန်း၊  ဌာနကြီးဆေးခန်း (၅၉) ခန်းနှင့် သားဖွားမီးယပ် (OPD) ဝန်ဆောင်မှု စမ်းသပ်ဆောင်ရွက်ပေးလျက်ရှိသည့်  ဆေးခန်း (၅) ခန်းအပါအဝင် PPS စနစ်ဖြင့်ဆောင်ရွက်သည့် ဆေးခန်း (၁၄) ခန်းတို့မှ ဆေးကုသပေးမှုအနေဖြင့် ၈၅၄၇၁ ဦး၊ လူမှုဖူလုံရေးဆေးခန်းများမှဆရာဝန်များ ကွင်းဆင်းဆေးကုသမှု (၇) ကြိမ်မှ ၉၇ ဦးတို့ကို ဆေးကုသပေးခဲ့ရကြောင်း သိရသည်။

သတင်းစဉ်