Dec 07, 2020
တတိယအကြိမ် ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ ပထမပုံမှန် အစည်းအဝေးများအတွက် ကြိုတင်ပြင်ဆင်ရမည့် အုပ်ချုပ်မှု ဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ လွှတ်တော် အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၀) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Dec 07, 2020
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များပါဝင် ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ် အကောင်အထည်ဖော် နိုင်ရေး အမျိုးသားအဆင့်ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၌ Virtual Meeting ဖြင့် ကျင်းပသည်။
Dec 07, 2020
(၆-၁၂-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၁၀၈) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Dec 07, 2020
COVID-19 Safe Service Master Trainer ဆရာဖြစ်သင်တန်းနှင့် စစ်ဆေးရေးမှူးသင်တန်း (Inspector Training for Inspection) ပထမအကြိမ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 07, 2020
ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ (၃၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်။
Dec 07, 2020
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးခင်မောင်ရင်၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ (၆)ရက်နေ့ နံနက်(၁၁)နာရီအချိန်က ကဝမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး ကိုဗစ်-၁၉လူနာများ ထားရှိကုသပေးမှုအခြေအနေများအား ကြည့်ရှုကြသည်။
Dec 07, 2020
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၁၁နာရီက ကဝမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး ကိုဗစ်-၁၉လူနာများ ထားရှိကုသပေးမှု အခြေအနေများအား ကြည့်ရှုကြသည်။
Dec 07, 2020
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ယမန်နေ့ ညနေ ၅ နာရီခွဲတွင် ဝိုင်းမော် မြို့နယ် ဝါးရှောင်ကျေးရွာအုပ်စု ဂေါ်ဆက်ယန်ကျေးရွာ အနီးတွင် မသင်္ကာဖွယ် တွေ့ရှိသူ ငွါးလေးအား စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၇ ဒသမ ၅ ကီလိုကို လည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၃ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မြိတ်မြို့နယ် ပသောင်းကျေးရွာအုပ်စု ပသောင်း ကျေးရွာနေ ခင်မောင်ချို(ခ)အာနီ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၄၁၇၉ ပြား၊ အိုက်စ် သုည ဒသမ ၀၀၅ ကီလို၊ ဆေးခြောက် သုည ဒသမ ၀၁၅ ကီလိုနှင့် ဘိန်းစာမှုန့် ၄၀ ဒသမ ၉ ကီလိုတို့ကို သိမ်းဆည်းရမိ ခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။
Dec 07, 2020
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ် ငန်းများ ရပ်ဆိုင်းခဲ့ရသဖြင့် ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်နိုင်ရေးအတွက် ဒီဇင်ဘာလအတွင်း ခရီးစဉ်များ ဆောင်ရွက်ရန် လျာထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာနမှ သိရသည်။
Dec 07, 2020
မြို့မကျောင်းသား ကျောင်းသူဟောင်းအသင်းနှင့် ဗဟန်း မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့ကကြီးမှူး၍ နှစ် (၁၀၀) ပြည့်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အမျိုးသားရေး ကျောက်တိုင် မွမ်းမံပြင်ဆင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဗဟန်းမြို့နယ် ကြားတောရလမ်းရှိ ဦးအရိယဝံသကျောင်း၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။